spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

    ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

    -

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၄၃၄ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်သည်။

    ခမရ ၄၃၄ တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က KNLA၊ KNDO နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့  ပြည့်သူ့ကာကွယ်ရေးတပ် PDF၊ ဖယ်ဒရယ်တပ်ဦး FFD နှင့် ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BPLA တို့ ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။

    ခမရ ၄၃၄ တပ်စခန်းမှ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သော် စာရင်းအတိအကျ မသိရသေးသည့်အတွက် အသေးစိတ်ကို မကြာမီအချိန်တွင် ဖော်ပြပေးသွားမည်ဟု KNU တပ်မဟာ ၅ က ထုတ်ပြန်သည်။

    “လုပ်ငန်းရဲ့ လုံခြုံရေးအရ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ် မြောက်ခဲ့သမျှကို ကောက်ကာငင်ကာ ထပြီးမဖော်ပြချင်သေးဘူး။ သို့ပေသိ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်သူတွေ စိတ်ကုန်လက်ပန်းကျစရာ အကြောင်းအရာတွေ တွေ့နေရတော့ မဖော်ပြမဖြစ် ဖေါ်ပြပေးရခြင်းဖြစ်တယ်” လို့ ရှေ့တန်းစစ်မျက်နှာရှိ ဗိုလ်အယ်ခူစိုး၏ ပြောဆိုချက်ကို ကိုးကားပြီး KNU တပ်မဟာ ၅ က ထုတ်ပြန်သည်။

    ခမရ ၄၃၄ တပ်ရင်းစခန်း မသိမ်းပိုက်ခင်နှင့် သိမ်းပိုက်ပြီးနောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် တိုက်ခိုက်တာ၊ ဒရုန်းဖြင့် တိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာသည်ဟုလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks