မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာအများစုတွင် ရေရှားပါးမှု သိသိသာသာများလာသော်လည်း သောက်ရေတစ်ခုအတွက်သာ အဓိက လှူဒါန်းပေးနိုင်သည်ဟု ပေါင်မြို့နယ်အတွင်း ရေပေးဝေဝေနေသူတို့က ဆိုသည်။
လက်ရှိ ရေပေးဝေနေသည့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြားပရဟိတ အဖွဲ့အစည် အသီးသီးတို့သည် စက်သုံးဆီဈေးကြောင့် သောက်ရေတစ်ခုကိုသာ လိုက်လံဖြန့်ဝေနိုင်ခြင်းကြောင့် ပြည်သူတို့အတွက် မလုံလောက်မှုဖြစ်နေကြောင်း ရေပေးဝေနေသည့် မီးသတ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“သောက်ရေကိုပဲ အဓိက ထားပြီးပေးတာပေါ့ သုံးရေက ကျတော်တို့မပေးနိုင်သေးဘူးလေး လက်ရှိ ဆီဈေးနှုန်းတွေ န့တိုင်တက်နေတယ် တခြားကုန်ကျစရိတ်တွေလည်း ရှိသေးတယ် အဲတာကြောင့်မို့လို့ ရွာဘက်မှာ သာက်ရေကိုပဲ ပုံမှန် တစ်ရက်ကို ၂ခေါက်၊၃ခေါက် အနည်းဆုံး ဆင်းဖြစ်တယ်” ဟု ဆိုသည်။
လက်ရှိ ပေါင်မြို့နယ်တွင် ညောင်ကုန်း ၊သပြေကုန်း ၊ အလှပ်၊ ဝဲပတန်၊ ကော့ထော်၊ သပြေကုန်း၊တပ်မှုးချောင်းစသည့် ကွင်းရွာ ၁၀ ရွာဝန်းကျင်တွင် ရေခန်းခြောက်လျှက်ရှိပြီး တစ်ရက်လျှင် ၂ ရွာနှုန်းဖြင့်သာ လှူဒါန်းနေကြောင်း သိရသည်။
သင်္ကြန်အလွန်ကာလတွင် အယ်နီညိုရာသီ ပိုမိုပြင်းထန်လာပြီး သောက်သုံးရေအလှူအဒါန်း ရရှိမှုနည်းပါးနေခြင်းကြောင့် ဗွက်ရေကို သန့်စင်ပြီး သုံးစွဲနေရကြောင်းလည်း ပေါင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ကန်ရေခမ်းနေတော့ အာက်ပိုင်းမှာ ဗွက်ပေါက်လာတယ်ပေါ့ တချို့အိမ်တွေက စည်ပိုင်းထဲမှာ ဗွက်ရေကိုထည့်တယ် အဲဒီအထဲကို ကျောက်ချဉ်ထည့်ပြီးတော့ ရေကြည်ခံတာပေါ့ အဲလိုတော့ သုံးနေရတယ်၊ သောက်ရေက အဆင်မပြေဘူး” ဟု ဆိုသည်။
၎င်းအပြင် သောက်ရေ မလုံလောက်မှုကြောင့် ရေသန့်ဝယ်ယူသူမှုသောက်သုံးသူများလာပြီး ၂၀ လီတာဗူးတစ်ဘူးလျှင် ယခင်က ၅၀၀ ကျပ်မှ လက်ရှိ ၁၅၀၀ ကျပ်အထိ ဝယ်ယူ သောက်သုံးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
လက်ရှိ စက်သုံးဆီဈေးနှုန်း ၉၅ တစ်လီတာလျှင် ၃၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ပေါင်မြို့နယ်အတွင်းရှိ လမ်းပန်ဆက်သွယ်ရေးခက်ခဲပြီး လမ်းခရီးကြမ်းတမ်းသည့် ဒေသတို့တွင် ရေပေးဝေရေးအဖွဲ့တို့ မသွားရောက်နိုင်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မြို့နယ်မီးသတ်ဌာနမှ နှစ်စဉ်နွေရာသီကာလတွင် ရေဂါလံ ၆သောင်းဝန်ကျင် လှူဒါန်းခဲ့ရာ ယခုနှစ် ဧပြီလလယ်တွင် ရေဂါလံ ၆၅၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။
