spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်တွင် အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရဟု ဆို

    ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်တွင် အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရဟု ဆို

    -

    မွန်ပြည်နယ်၊ ရေး – ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ရေးမြို့ အဝင်၊ အထွက် တံတားကြီး စစ်ဆေး ရေးဂိတ်တွင် ယခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ယမန်နေ့ (ဧပြီလ ၂၂ ရက်) အထိ အရပ်သားပြည် သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ယခု ဧပြီလအတွင်း စစ်ဆေးရေး တင်းကြပ်ထားသည့် ရေးမြို့ တံတားကြီး စစ်ဆေးရေးဂိတ်ရှေ့ တွင် ဆိုင်ကယ်ဆင်းမတွန်းဘဲ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကို စစ်ကောင်စီ တပ်တို့က ဖမ်းဆီးပြီး အချုပ်ခန်းထည့် ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

    “ဖမ်းပြီးတော့ အဲဒီတံတားကြီးဂိတ်မှာ မဲမှောင်နေတဲ့ အချုပ်ခန်းတစ်ခုရှိတယ်။ ဘာမှမမြင်ဘူး။ အကုန်လုံး အဲဒီထဲမှာ ထည့်တယ်။ အသိရှိရင် လာထုတ်လို့ ရတယ်။ အသိမရှိတဲ့ လူတွေက ထွက် လို့ မရဘူးပေါ့” ဟု ရေးမြို့ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ဧပြီလပထမအပတ်အတွင်းက တံတားကြီးဂိတ်ရှေ့ ဖြတ်မောင်းစဥ် ဆိုင် ကယ်ဆင်းမတွန်းသည့် အမျိုးသား (၆) ဦးအား စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးပြီး စစ်မှုထမ်း ဆောင်ရန် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    သကြႅန်မတိုင်ခင် ဧပြီလ ၁၁ ရက်နေ့ကလည်း အသက် ၃၀ နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦး နှင့် ဇနီးဖြစ်သူတို့မှာ ဆိုင်ကယ်ဖြင့် တံတားကြီးဂိတ်ရှေ့ ဖြတ်မောင်းစဥ် စစ်ကောင်စီ တပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ဒေသခံဆရာတော်တပါး၏ အကူအညီဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

    “သူများဆိုင်ကယ် ဆင်းတွန်းနေတာ မင်းမမြင်ဘူးလားလို့ပြောပြီးတော့ဖုန်းတွေ၊ ပါလာတဲ့ ပစ္စည်းတွေ အကုန်သိမ်းပြီး မဲမှောင်နေတဲ့ အချုပ်ခန်းထဲ ပို့လိုက်တယ်၊ ဘာမှမမြင်ဘူး။ ကျွန်တော့်မိန်းမကိုတော့ မဖမ်းဘူး။ နောက် မိန်းမက ဖုန်းဆက်ပြီး အကူအညီတွေ လိုက်တောင်းတော့ ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တယ်” ဟု လွတ်မြောက်လာသည့် အထက်ပါ အမျိုးသားက ပြန်ပြောပြသည်။

    လွတ်မြောက်လာချိန်တွင် ယင်း အချုပ်ခန်းအတွင်း၌ မည်သူမှန်မသိသည့် အခြားအမျိုးသား ၆ ဦးခန့်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

    ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူ အမျိုးသားများသည် မြို့ပေါ်က နေထိုင် သူများအပါအဝင် အာယုတောင်၊ အစင်စံပြ၊ ဇီးဖြူတောင်နှင့် ဖလံကျေးရွာများက နေထိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts