spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေလို့ ကော့ဘိန်းဒေသခံများ ထပ်မံထွက်ပြေးနေရ

    စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေလို့ ကော့ဘိန်းဒေသခံများ ထပ်မံထွက်ပြေးနေရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အတွက် ရွာလုံးကျွတ် ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

    “တချို့ဆို ပြန်လာကြတာ ၃ ရက်လောက်ပဲရှိသေးတယ်။ မနေ့ညက လေယာဉ် ၂၆ လုံးလောက် ဗုံးကြဲချနေတော့ ထွက်ပြေးရပြန်တယ်။ တချို့ဆို မနေ့ည ကတည်းက အနီးနားရွာမှာ တိမ်းရှောင်သွားကြတယ်။ ရွာမှာ ယောကျာ်းလေးအနည်းလောက်ပဲ ကျန်နေတယ်” ဟု ကော့ဘိန်ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ထွက်ပြေးတိမ်းရှောင်နေရသူအများစုက ယခုရက်ပိုင်းတွင် နေရပ်ပြန်လာခဲ့ကြကြောင်း ယခု ဒုတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင်လည်း ကော့ဘိန်းနှင့် အနီးနားတဝိုက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    “မနက်ကလည်း အသံကြားနေရတယ်။ လူတွေက ရေလမ်းကနေတဆင့် ခရားရွာဘက်ကို တိမ်းရှောင်နေကြတယ်။ ဂျိုင်းမြစ်ကိုဖြတ်ဖို့ လူ ၃၀၀ ကျော်က စောင့်ဆိုင်းနေရနေတယ်”ဟု အထက်ပါ ကောဘိန်းဒေသခံက ဆက်ပြောသည်။

    ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်သည့် ကျိုက်မရောမြို့နယ် ရမ္မာဝတီလမ်းတလျှောက်ရှိ ဓမ္မသ၊ တရနာ၊ သံကလောင်ရွာဘက်တွင် စစ်ရေးပြင်းထန်လာခဲ့သည်။

    စစ်ရေးပြင်ထန်လာသည့် အဆိုပါ ဒေသကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊  ရေတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဓမ္မသရွာတွင် နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သလို လူထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

    လက်ရှိတွင် ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် မွန်-ကရင်အစပ် ကော့ဘိန်းနှင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ တစ်သိန်းခန့် စစ်ဘေးရှောင်နေရသည်ဟု မွန်ပြည်ဖယ်ဒရယ်ကောင်စီ၏ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနထံမှ သိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts