Homeသတင်းခလရ ၂၇၅ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် (၂) တွင် ပုန်းရှောင်လျှက်ရှိ

ခလရ ၂၇၅ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် (၂) တွင် ပုန်းရှောင်လျှက်ရှိ

-

မြဝတီ ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် (၂) တွင် ပုန်းရှောင်လျှက်ရှိသည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။

စစ်ကောင်စီ ခလရ ၂၇၅ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တို့က ဧပြီလ ၁၀ ရက်နေ့က အပြီးပိုင်သိမ်းပိုက်ခဲ့ပြီးနောက် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သည်။

မြဝတီတံတားအမှတ် (၂) တွင် သွားရောက်ပုန်းရှောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်သို့ သွားရောက် ခိုလှုံရန် စီစဉ်လျှက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက်နိုင်ခြင်းမရှိဘဲ ပိတ်မိလျှက်ရှိနေသည်ဟုလည်း ဆိုသည်။

ယင်းအခြေအနေကြောင့် စစ်ကောင်စီတပ်ဘက်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတစ်ဝိုက်သို့ သွားလာခြင်း မပြုလုပ်ရန်လည်း ကေအဲန်ယူက အသိပေး ထုတ်ပြန်ထားသည်။

၎င်းပြင် မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ နေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက်ကြောင့် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာ နေရာများတွင် နေထိုင်ကြရန်လည်း ကေအဲန်ယူက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts