Homeသတင်းမော်လမြိုင်မြို့ခံများ ဆက်တိုက်ဖမ်းဆီးခံနေရ

မော်လမြိုင်မြို့ခံများ ဆက်တိုက်ဖမ်းဆီးခံနေရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်က ပြည်သူကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့ခံအချို့တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်က ကိုကြည်ဝါထွန်းကို NUG၊ PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

၎င်းပြင် မော်လမြိုင်မြို့နေ မပွင့်ဖြူအောင်ဆိုသူကိုလည်း JOBS For Kayah အဖွဲ့အမည်နှင့် Facebook လူမှုကွန်ရက်စာမျက်နှာတွင် အလှူငွေကောက်ခံပြီး NUG၊ PDF အဖွဲ့တို့ကို ထောက်ပံ့ခဲ့သည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ကိုကြည်ဝါထွန်းနှင့် မပွင့်ဖြူအောင်တို့ကို စစ်ကောင်စီက သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ကလည်း မော်လမြိုင်မြို့ခံ ဦးဇင်မင်းဦးနှင့် မချိုချိုခိုင်တို့ ၂ ဦးကို NUG၊ PDF အဖွဲ့တို့ကို ထောက်ပံ့ခြင်း၊ ထောက်ပံ့ရန် အလှူငွေကောက်ခံသည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဦးဇင်မင်းဦးနှင့် မချိုချိုခိုင်တို့ ၂ ဦးကိုလည်း စစ်ကောင်စီက သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ခရွန်းရှမ်းရွာ နေဝင်းထွန်း (ခ) တရုတ်ကြီးနှင့် မော်လမြိုင်မြို့နယ်၊ ကော့ခမယ်ကျေးရွာနေ မချစ်စုထွေး (ခ) ချစ်စု တို့ကိုလည်း NUG၊ PDF အဖွဲ့တို့ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) / ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts