Homeသတင်းကော့ပရံ လေဆိပ်စီမံကိန်းသို့ ရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကော့ပရံ လေဆိပ်စီမံကိန်းသို့ ရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

-

စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းနေရာသို့ ရောက်ရှိနေစဥ် UAV ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်သည့် မွန်အစိုးရအဖွဲ့ဝင်များလည်း လိုက်ပါလာကြသည်ဟု ဆိုသည်။

ကော့ပရံကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးနေစဥ် UAV ဒရုန်းဗုံးသီးတစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောပြသည်။

“လူနဲ့ အဆောက်အဦး ထိခိုက်တာတော့ မရှိဘူးလို့ ကြားတယ်၊ အဲဒီနားတဝိုက်မှာ ရပ်ထားတဲ့ သူတို့အဖွဲ့ထဲက ကားနှစ်စီးလောက်ပဲ ဗုံစထိမှန်လို့ မှန်ကွဲသွားတာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့တို့ဟာ ယနေ့ နံနက်ပိုင်းမှာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဥ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ အစည်းအဝေးကျင်းပြီးနောက် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ စီမံကိန်းဧရိယာသို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။

ယခု ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့၊ မည်သည့်အဖွဲ့အစည်းတို့က ပူးပေါင်းလုပ်ဆောင်ကြသည်ကို မသိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts