spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းအပူချိန်မြင့်တက်လာသည့်ဒဏ်ကြောင့် စစ်ရှောင်နေသည့် ကလေးနှင့်သက်ကြီးရွယ်အိုတို့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိလာ

    အပူချိန်မြင့်တက်လာသည့်ဒဏ်ကြောင့် စစ်ရှောင်နေသည့် ကလေးနှင့်သက်ကြီးရွယ်အိုတို့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိလာ

    -

    မွန်ပြည်နယ်တွင် ယခုဧပြီလအတွင်း အယ်နီညိုရာသီဥတုကြောင့် အပူဒဏ်သိသိသာသာမြင့်တက်လာနေပြီး ကျိုက်မရောမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတို့ အပူဒဏ်ကာကွယ်ရန် လိုအပ်ချက်အမျိုးမျိုးရှိလာကြောင်း သိရသည်။

    လက်ရှိမွန်ပြည်နယ် မြို့နယ်အများစုတွင် ရေခမ်းခြောက်မှု သိသိသာသာများလာပြီး လျှပ်စစ်မီးရရှိချိန်လည်း နည်းနေသည့်အတွက် မော်လမြိုင်နှင့် ချောင်းဆုံ စစ်ရှောင်စခန်းတို့တွင် သုံးစွဲရေအလုံအလောက်မရရှိနေကြောင်း မော်လမြိုင်မြို့မှ ရေပေးဝေရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “အခုမော်လမြိုင်မှာမှ စစ်ဘေးရှောင်တွေ နေများတဲ့ဘုန်းကြီးကျောင်းတွေမှာရေလိုအပ်ချက်တွေရှိလာသည်။ ဘာလို့လဲဆိုတော့သူတို့မှာရှိတဲ့ ဝန်နဲ့အားနဲ့က မီးပျက်တာနဲ့က မတင်ဘူးလေ။ အဝီစီရေယူဖို့က သူတို့မှာ ပစ္စည်းကိရိယာအစုံအလင်ရှိနေပေမဲ့လည်း မီးမှမလာတာ။ မီးစက်နဲ့တင်ဖို့က သူတို့မတတ်နိုင်ဘူးလေ" ဟု ဆိုသည်။

    သောက်သုံးရေလိုအပ်ချက်အပြင် ခြင်ထောင်နှင့် ပေါ့ပေါ့ပါးပါး အဝတ်အထည်တို့ လိုအပ်လျှက်ရှိကြောင်းလည်း ဆက်ပြောသည်။

    ထို့အပြင် မော်လမြိုင်နှင့် ချောင်းဆုံရှိ စစ်ဘေးရှောင် ၅၀ ရာခိုင်နှုန်းတို့သည် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်တို့ဖြစ်နေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပိုမိုဆောင်ရွက်နေရပြီး ဆေးဝါးလိုအပ်ချက်တို့လည်း ရှိနေသည်ဟု ချောင်းဆုံစစ်ဘေးရှာင်ကူညီနေသူတို့က ဆိုသည်။

    “အခုကျွန်မတို့က သွေးလှုဒါန်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ တစ်နေ့တစ်ခေါက်ကျန်းမားရေးစစ်ဆေးမှုတွေပြုလုပ်ပေးနေတယ် ရောဂါရှိတဲ့လူနာတွေကများတယ်၊ အဓိကက အသက်ကြီးပိုင်းနဲ့ကလေးငယ်တွေက အရမ်းများနေတယ်၊ အချို့ကလေဖြတ်ရောဂါခံစားနေရတဲ့သူတွေ၊ ပြီးတော့နာတာရှည်ရောဂါခံစာရတဲ့သူတွေရှိတယ်။ အဲလိုမျိုးဆိုရင်ဆေးဝါးလိုအပ်ချက်တွေရှိနေတယ် ” ဟုဆိုသည်။

    စစ်ဘေးရှောင်သူတို့ကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်လျှက်ရှိသော်လည်း ရာသီဥတုဒဏ်ကြောင့် ဖျားနာသူတို့ရှိနေကြောင်းလည်း ဆက်ပြောသည်။

    ကျိုက်မရောမြို့နယ် ဓမ္မကျေးရွာမှ မီးလောင်မှုဖြစ်ပွားပြီးနောက်ပိုင်း အနီးနားရှိကျေးရွာ ငါးရွာခန့်က ဒေသခံများဘေးလွတ်ရာကျေးရွာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

    လက်ရှိ မော်လမြိုင်မြို့ပေါ် ရှိ ဘုန်ကြီးကျောင်း ၂၁ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းတွင် စစ်ဘေးရှောင် ၁၀၀၀ ဝန်ကျင်း ခိုလှုံနေကြကြောင်း သိရသည်။

    ၎င်းအပြင် ဓမ္မသရွာနှင့် နီးသည့် ကော့စွယ် ကော့သတ် စစ်ဘေးရှောင်းစခန်းတို့တွင်လည်း စစ်ဘေးရှောင် ၇၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

    အယ်လ်နီညိုရာသီဥတုကြောင့် ယခုနှစ်တွင် နွေရာသီကာလရှည်ကြာခြင်း၊ အပူချိန်မြင့်မားခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံး ကျန်းမာရေးဆိုင်ရာ ပြဿနာများ အထူးဂရုပြုကြရန်လည်း ကျန်းမာရေး သုတေတီတို့က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks