spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့ အခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေဟုဆို

    ခေါဇာမြို့ အခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ၊ ခေါဇာအခြေစိုက်စစ်ကောင်စီတပ်မှယမန်နေ့ည  ၈ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ခေါဇာမြို့ခံတို့ထံမှသိရသည်။

    ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် ခေါဇာမြို့အရှေ့ဘက် အနီးအနားခြံတို့တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ သွားလာနေသည်ကိုတွေ့ရသဖြင့် ခေါဇာမြို့ခံများတိမ်းရှောင်ခဲ့ကြပြီး၊ စစ်ကောင်စီတပ်မှ ယခုလို ခြောက်လှန့်ပစ်ခတ်လာသည်ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။

    “နေ့လည်တုန်းကခေါဇာကရွာသားတွေတိမ်းရှောင်နေကြတာကို  ရွာထဲအရက်လာဝယ်တဲ့ စစ်သားတွေကလည်းတွေနေတယ်၊ အာ့နဲ့ ညဘက်ရောက်တော့ ၅ ချက်လောက်ပစ်တာပဲ၊ စစ်ကောင်စီအခြေစိုက်စခန်းရှိနေတော့ ရွာသားတွေက ကြောက်တာပေါ့"ဟုခေါဇာမြို့ခံတစ်ဦးကပြောသည်။

    ခေါဇာမြို့တွင် စစ်ကောင်စီအခြေစိုက်  ခလရ ၃၁ တပ်ရင်းရှိနေသောကြောင့်  ဒေသခံတို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေသည့်အပြင် ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့မှ  ပြည်သူတို့ သတိဝီရိယရှိကြရန် တိုက်တွန်းနှိုးဆော်နေခြင်းကြောင့် နေရပ်မှ ရှောင်တိမ်းလာကြသည်ဟု သိရသည်။

    လက်ရှိတွင် ခေါဇာဒေသခံတို့အပြင် အနီးဝန်းကျင်ရှိ ရင်းဒိန်း၊ ရင်းရယ်ဒေသခံတို့လည်း နီးစပ်ရာဆွေမျိုးတို့ထံ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် နေရပ်ပြန်လာသူအနည်းငယ်ရှိသည်ဟုလည်း သိရသည်။

    ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့တွင် ရေးမြို့မြောက်ပိုင်း မော့ကနင်ကျေးရွာအုပ်စုအမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရော်ဘာခြံတွင်ကျရောက်ပြီး ခြံသမားတစ်ဦးထိမှန်သွားကြောင်းသိရသည်။

    အလားတူ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း နယ်စပ်ရှိ ရေဖြူမြို့နယ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၉ ရက်နေ့တွင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာပြီး၊ အနီးနားရှိဒေသခံများတိမ်းရှောင်ခဲ့ရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts