spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းဆီဆိုင်တွင် ပစ္စည်းပြန်ယူသူနှင့် လမ်းသွားလမ်းလာများ ပျောက်ဆုံးမှုရှိနေ

    ဆီဆိုင်တွင် ပစ္စည်းပြန်ယူသူနှင့် လမ်းသွားလမ်းလာများ ပျောက်ဆုံးမှုရှိနေ

    -

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းသို့ နေရပ်ပြန်ကာ ပစ္စည်းပြန်ယူသူများနှင့် ဆီဆိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာသူများ ပျောက်ဆုံးမှုရှိနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ သိရသည်။

    အဆိုပါပျောက်ဆုံးသူများတွင် ဆီဆိုင်သို့ စစ်ဘေးရှောင်နေကြသည့် ကရင်နီစစ်ဘေးရှောင်များလည်း ပါဝင်ကြောင်း ကရင်နီစစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ဆိုသည်။

    ပြီးခဲ့သည့် ၂ လအတွင်း ကရင်နီစစ်ဘေးရှောင်နှင့် ဆီဆိုင်ဒေသခံ ၅၀ နီးပါးပျောက်ဆုံးနေကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

    ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၆၃ ရက်အတွင်း အရပ်သား ၂၀ ဦးကို စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNA မှ ဖမ်းဆီးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်ထားသည်လည်းရှိသည်။

    အဆိုပါ ၂၀ ဦးထဲမှ ၁၁ ဦး ပြန်လည်လွတ်မြောက်လာပြီး၊ ၂ ဦးသေဆုံးသွားကာ ၆ ဦးက ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ကျန်သူများမှာ အဆက်အသွယ်မရသေးကြောင်း သိရသည်။

    အထက်ပါ လူစာရင်းသည် PYO မှ လက်လှမ်းမှီသလောက်ကောက်ယူထားနိုင်သည့်အခြေအနေသာဖြစ်ပြီး မြေပြင်တွင် ပျောက်ဆုံးနေသူ ၂၀ ဦးထက်ပိုများနိုင်ကြောင်း PYO တာဝန်ရှိသူတို့ထံမှ သိရသည်။

    ကရင်နီစစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက “ဆီဆိုင်မှာ စစ်ဘေးရှောင်တဲ့ ကရင်နီပြည်သူတွေ ပျောက်နေတယ်ဗျ။ နောက်ပြီး တခြားဒေသတွေကနေ ကရင်နီကို ပြန်လာရင်းလည်းပျောက်တဲ့လူတွေရှိတယ်။ ကျွန်တေယ်တို့ သိရသလောက် တောင်ကြီးက စရဖတွေ ဖမ်းသွားတယ်။ ငွေညှစ်တယ်။ တချို့ပြန်လွတ်တယ်လို့ကြားတယ်။ အများစုက အခုထိ အဆက်အသွယ်မရသေးဘူး” ဟု ဆိုသည်။

    ပျောက်ဆုံးနေသူအချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်မှုများလည်းရှိနေကြောင်း PNLA က ဆိုသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီဆိုင်မှ လွိုင်ကော်သို့ ပြန်လာသည့် ဒေသခံ ၄ ဦးလည်း ပျောက်ဆုံးခဲ့သေးသည်။

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်နှင့် PNLA ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများအနေဖြင့် နေရပ်မပြန်ကြရန် PNLA မှ သတိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks