Homeသတင်းဓမ္မသရွာထဲကို ရေတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေ

ဓမ္မသရွာထဲကို ရေတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာထဲကို ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်က ယနေ့ မတ်လ ၂၈ ရက်နေ့တွင်လည်း လက်နက်ကြီးဖြင့် ထပ်မံရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံအမျိုးသမီး ၁ ဦး လက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးလည်း မီးထပ်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရေတပ်ကနေ ရွာထဲကိုပစ်နေတာ ဒီနေ့မှာပဲ ၃ လုံး ၄ လုံးလောက်ရှိတယ်။ လယ်ကွင်းဘက်မှာလည်း ကျတယ်။ မနက် ၁၀ နာရီလောက်မှာ စစ်ဘေးရှောင်နေတဲ့နေရာမှာ ၁ လုံးကျတယ်။ ညနေလောက်မှာ ၃ လမ်းမှာ ထပ်ကျတော့ နေအိမ် မီးထပ်လောင်” ဟု ၎င်းက ပြောသည်။

ကျည်စထိမှန်ဒဏ်ရာရရှိထားသော အမျိုးသမီးကို အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့က ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျကွဲမှုကြောင့် မတ်လ ၂၇ ရက်နေ့ ညနေက ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts