spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်မှ စစ်မှူးထမ်းဆောင်ရန် ရွေးချယ်ထားသူတို့ကို မတ်လ ၃၀ ရက်နေ့တွင် ပို့ဆောင်ရမည်

    ချောင်းဆုံမြို့နယ်မှ စစ်မှူးထမ်းဆောင်ရန် ရွေးချယ်ထားသူတို့ကို မတ်လ ၃၀ ရက်နေ့တွင် ပို့ဆောင်ရမည်

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ စစ်မှူးထမ်းဆောင်ရန် ရွေချယ်ထားသူတို့ကို မတ်လ ၃၀ ရက်နေ့တွင် သက်ဆိုင်သည့် စစ်သင်တန်းကျောင်းနေရာသို့ အရောက် ပို့ဆောင်ရမည်ဟု ချောင်းဆုံမြို့နယ် ဒေသခံတို့ထံမှသိရသည်။

    လက်ရှိ ချောင်းဆုံမြို့နယ်တွင် စစ်သင်တန်း ပထမသုတ်အတွက် ရွေးချယ်ထားသည့် ဒေသခံ ၃၅ ဦးကို ပို့ဆောင်ပေးရန် ချောင်းဆုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို ယနေ့မတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားလာသည်ဟု ချောင်းဆုံ ဒေသခံတစ်ဦးက ဆိုသည်။

    “မနက်ဖြန်ပို့ရတော့မယ် အခုပထမအသုတ်အတွက် တစ်ရွာကို တစ်ယောက်အရင်ခေါ်ထားတယ်လေ၊ ဒီနေ့တောင် ပိုက်ဆံလကောက်သေးတယ် စစ်မှူးထမ်းတဲ့သူတွေကိုပိုက်ဆံပေးဖို့က လောလောဆယ်က တစ်အိမ်ဆို ၅၀၀၀ တော့ယူထားတယ်" ဟု ချောင်းဆုံ ဒေသခံတစ်ဦးကပြောသည်။

    ယခင်က စစ်မှူးထမ်းဆောင်ရမည့်သူတို့ကို သင်္ကြန်အလွန် မေလမှသာ ခေါ်ဆောင်သွားမည်ဟု ညွှန်ကြားထားသော်လည်း မည်သည့်အကြောင်းကြောင့် အလျင်အမြန်ပို့ဆောင်ရသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ပြောဆိုလာခြင်းမရှိသေးကြောင်း ချောင်းဆုံမြို့နယ်မှ အခြားဒေသခံတစ်ဦးကဆက်ပြောသည်။

    “အစက သင်္ကြန်လွန်မှစမယ် စစ်မှူးထမ်းကိစ္စက အခုမှဘာလို့အလျင်စလို ခေါ်ရတာကိုတော့ မပြောတတ်ဘူး စစ်သားလိုလို့အလျင်စလိုခေါ်တာလည်းဖြစ်နိုင်တယ်၊မာ်လမြိုင်အရှေ့တောင်တိုင်းကို ပို့မယ်လို့ကြားတယ်၊ အခုဆို ရှေ့တောင်တိုင်းမှာလုံခြုံရေးလည်း တိုးမြှင့်ထားတာ လက်နက်မတပ်ပေးထားတဲ့ တပ်သားအသစ်တွေလည်းတွေ့နေရတယ် ”၎င်းဒေသခံကဆက်ပြောသည်။

    မွန်ပြည်နယ်မှ စစ်မှုထမ်းမည့်သူတို့ကို မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်သွားမည်ဟု ဒေသခံတို့ကြားပြောဆိုနေသော်လည်း အတည်မပြုနိုင်သေးပေ။

    လက်ရှိ ချောင်းဆုံမြို့နယ်တွင် စစ်မှူးထမ်းဆောင်ရန် တစ်ရွာလျှင် ၂ ဦးနှုန်းဖြင့်ခေါ်ဆောင်ထားပြီး ၎င်းတို့ကို တစ်လလျှင် ငွေကျပ် သိန်း ၃၀ တိတိထောက်ပံ့ပေးသွားမည်ဟုလည်း ကျေရွာအုပ်ချုပ်ရေးမှုတို့က ဆိုထားသည်။

    ထို့ကြောင့် ၎င်းစစ်မှုထမ်းသူတို့ကို ထောက်ပံ့ရန် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ကျပ်မှ ၁ သောင်းအထိ ကောက်ခံနေရကြောင်းလည်း သိရသည်။

    ထို့အပြင် စစ်မှုမထမ်းလိုသည့် ဒေသခံရွာသားတို့သည် ငွေကြေးပေးဆောင် လူအစားထိုးခေါ်ယူမှုရှိနေကြောင်း ဒေသခံတို့ထံမှသိရသည်။

    စစ်ကောင်စီမှ စစ်မှူးထမ်းဆောင်ရန်အတွက် မတ်လ ၂၇ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဟု ညွှန်ကြားလာသော်လည်း ယနေ့တွင် မတ်လ ၃၀ ရက်နေ့အတွင်း စစ်မှူးထမ်းရမည့်သူတို့ကိုလည်း ပို့ဆောင်ရန် ချက်ခြင်းညွှန်ကြားလာသည်။

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီမှ စစ်မှူးထမ်းဥပဒေထုတ်ပြန်လာပြီးနောက် ချောင်းဆုံမြို့နယ်မှာ ပထမဦးဆုံး စတင်လှုပ်ရှားဆောင်ရွက်လာကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks