spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းခံသင်းတံတားပစ်ခတ်မှုတွင် ရေးဘီးလူတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

    ခံသင်းတံတားပစ်ခတ်မှုတွင် ရေးဘီးလူတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာနှင့် စုံနံ့သာကျေးရွာကြား ခံသင်းတံတား ပစ်ခတ်ဖြစ်စဉ်အတွင်း ရေးဘီလူးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်နှင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်တို့ တပ်စွဲထားသည့် ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့က မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီကျော်ဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ တစ်နာရီခန့်ဖြစ်ပွားခဲ့သည်။

    ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက် ၅ ဦး သေဆုံးပြီး ၎င်းတို့အဖွဲ့ဘက်က ၂ ဦး သေဆုံးကာ၊ ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိသွားခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    တိုက်ပွဲတွင် အာယုတောင်ရှိ စစ်ကောင်စီ ခမရ ၃၄၃ တပ်ရင်း၊ ရေးအခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တို့မှ လက်နက်ကြီးဖြင့် ပစ်ကူမှု ပြုလုပ်ခဲ့သည်။

    တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်း စုံနံ့သာကျေးရွာအနီးတွင် ကားများ ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး သေနတ်သံတိတ်သွားချိန် နံနက် ၁၀ နာရီခန့်တွင် ကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့များ တပ်စွဲထားသည့် ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

    ရေးဘီလူးအဖွဲ့ကတော့ “ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဆိုပြီး မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လာပြီးနောက် စစ်ဆင်ရေးအဖွင့်အနေဖြင့် မတ်လ ၁၄ ရက်နေ့က ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts