Homeသတင်းရေးတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိ

ရေးတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်း အနောက်တောင်ဘက်တွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မတ် ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ကုလားကုတ်ကျွန်း နောက်တောင်ဘက်တွင် မသင်္ကာဖွယ် ဇွဲခေတ်ဆန်းအမည်ရှိ စက်လှေကို စစ်ကောင်စီ ရေကြောင်းထိန်းသိမ်းရေးအဖွဲ့က သွားရောက်စစ်ဆေးရာခဲ့ရာ လှေပေါ်တွင် ရိုဟင်ဂျာများ တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများထဲတွင် အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ သွားရောက်ကြသူများဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ကုလားဂုတ်ကျွန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း စစ်ဆေးပြီးပါက ရေးမြို့သို့ဆောင်ပြီး လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရော ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာအနီး ရော်ဘာခြံတွင် ကလေး ၇ ဦးအပါအဝင် ရိုဟင်ဂျာ ၁၁၇ ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts