spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်ဒုံ ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါ ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ဟု KNU ထုတ်ပြန်

    ကျိုက်ဒုံ ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါ ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ဟု KNU ထုတ်ပြန်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် စစ်ကောင်စီဗျူဟာ စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါ ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ကျိုက်ဒုံမြို့ အခြေစိုက် စကခ(၁၃) လက်အောက်ခံ နဗဟ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သည့် ကျိုက်ဒုံဗျူဟာ စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာ မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီမထိုခင်တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့သည်ဟု ဆိုသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    ၎င်းပြင် တပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံး၊ ကျည်၊ ကျည်ဘောက်နှင့် စစ်ပစ္စည်းအများအပြား သိမ်းဆည်းရမိကြောင်းကို KNU က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် တိုက်ပွဲအတွင်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသည့် ပြည်သူတစ်ဦးလည်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့သူများကို ဘေးကင်းလုံခြုံစွာ ပြုစု စောင့်ရှောက်ပေးထားပြီး စစ်သုံ့ပန်း ဥပဒေနှင့်အညီ ဆောင်ရွက်စေခဲ့သည်ဟု ဆိုထားသည်။

    KNU တပ်မဟာ (၆) နယ်မြေအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောက်လျက်ရှိပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks