ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသတွင် ယမန်နေ့ မတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီ လေယာဉ်များ ပျံသန်းနေသောကြောင့် ဒေသခံလူထုများ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်နေသည်ဟု ကြာအင်းဆိပ်ကြီး ဒေသခံတို့က ဆိုသည်။
ကြာအင်းဆိပ်ကြီးဒေသတွင် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (MNSP-AD) တို့ သွားလာလှုပ်ရှားတဲ့ဒေသဖြစ်သည့်အတွက် ယခုလို စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ပျံသန်းလာခြင်း ဖြစ်နိုင်သည်ဟု ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“မနေ့ကနေ့ဘက်မှာ စစ်လေယာဉ်နဲ့ သုံးကြိမ်လောက်ပျံသန်းလှည့်ပတ်သွားလာနေတယ်ဆိုတော့ ရွာသားတို့က တိုက်ပွဲဖြစ်မှာကို စိုးရိမ်လာတာပေါ့ ရွာသားတို့က အထုပ်ပိုးပြင်ဆင်ကြသလို ဗုံးခိုကျင်းတွေလည်း တူးထားကြ တာရှိတယ်” ဟု တောင်ပေါက်ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်တစ်ဝိုက် တောင်ပေါက်၊ ဝင်းရော်ဆိပ်ကြီး၊ လှိုင်ကနီ၊ ဝင်္ကပါ စသည့် မွန်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားလေ့မရှိသည့်အပြင် စစ်လေယာဉ်ပျံသန်းလေ့မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ကရင်တပ်နဲ့ PDFတွေ ဖြတ်သန်းသွားလာတာကတော့ရှိတယ်။တောင်ပေါက်မှာကစစ်ယာဉ်ပျံသန်းလာလေ့ မရှိဘူး။ NMSP-AD ထုတ်ပြန်ပြီးနောက်အခုလိုပျံသန်းလာတော့ စိုးရိမ်ကြတာပေါ့။ တိုက်ပွဲမှာဖြစ်လာနိုင်သည်” ဟု တောင်ပေါက်ဒေသခံက ဆိုသည်။
NMSP-ADတပ်ဖွဲ့ဝင်တို့သည် လက်ရှိ မွန်ပြည်နယ်အတွင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ရွာတို့တွင် ဦးစွာလှုပ်ရှားနေလျှက်ရှိကြောင်း သိရသည်။
NMSP-AD မှ စစ်အာဏာရှင်ကို တော်လှန် တိုက်ထုတ်သွားမည်ဟု စတင်ထုတ်ပြန်ထားသည့်နောက် ကြာအင်းဆိပ်ကြီးဒေသခံတို့ကို စစ်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကြာအင်းဆိပ်ကြီးဒေသခံတို့ ဗုံးခိုကျင်း တူးဖော်ခြင်း စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
၎င်းအပြင် ရန်သူရန်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဒေသတွင် ပွဲလမ်းသဘင်များမကျင်းပရန် NMSP-AD ကတားမြစ်မိန့်ထုတ်ပြန်ခဲ့သေးသည်။