Homeသတင်းရေးတွင် Mytel ကုမ္ပဏီ အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

ရေးတွင် Mytel ကုမ္ပဏီ အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် Mytel ကုမ္ပဏီ မှ အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရေးမြို့နယ် စံပြကျေးရွာ ကြိုးတံတားအနီးတွင် Mytel ကေဘယ်လ်ကြိုးများတပ်ဆင်နေသည့် အလုပ်သမား ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“Mytel ကုမ္ပဏီက အလုပ်သမားတွေကို ဘယ်အဖွဲ့က ဖမ်းခေါ်သွားလဲဆိုတာကိုတော့ မသိရဘူး။ ကြိုးတံတားအနီးက တာဝါတိုင်းမှာ ကေဘယ်လ်ကြိုးတွေတပ်နေတဲ့အချိန်မှာ ဖမ်းခံထိသွားကြတာ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

Mytel ကုမ္ပဏီ အလုပ်သမားများကို မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပဲ ဒေသတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတို့ဘက်ကလည်း တစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ Mytel ရုံးများ၊ Mytel ဖုန်းတာဝါတိုင်များ မကြာခဏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ပြီး လူသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts