Homeသတင်းအာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

-

အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ မတ်လ ၅ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီ အဆင့်မြင့်အရာရှိတစ်ဦး တရားဝင်တက်ရောက်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားသည်။

လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် လာအိုနိုင်ငံတွင် ပြုလုပ်နေသည့် အဆိုပါ ဒီအစည်းအဝေးတွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှုချုပ် ဦးဇော်နိုင်ဝင် တက်ရောက်ခဲ့သည်ဟု ရေးသားထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းကတည်းက အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအနေနှင့် အာဆီယံ အဆင့်မြင့်အစည်းအဝေးများတွင် ကိုယ်စားလှယ်အဖြစ် တရားဝင် တက်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး နိုင်ငံရေးမဟုတ်သည့် အဆင့်မြင့်အရာရှိသာ တက်ရောက်ခွင့်ပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့က ဆုံးဖြတ်ထားသည်။

အိမ်နီးချင်း လာအိုနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်လာပြီးနောက် အရေးပါသည့် အာဆီယံအစည်းအဝေးတွင် စစ်ကောင်စီဘက်က ဒုတိယအကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယာယီအမြဲတမ်းအတွင်းဝန်တာဝန်ရှိသူတစ်ဦးကို ပထမအကြိမ် စေလွှတ်နိုင်ခဲ့သည်။

လက်ရှိအခြေအနေအရ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းပြီး မြန်မာ့အရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာအိမ်နီးချင်း ထိုင်းအစိုးရက တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လက်ရှိအလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စကႅာပူ၊ ဗီယက်နမ်း၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင် ၁၀ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။

A general views of the ASEAN Foreign Ministers’ (AMM) Retreat meeting in Luang Prabang on January 29, 2024. (Photo by TANG CHHIN SOTHY / AFP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts