Homeသတင်းရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် လုံခြုံရေးပိုမိုတင်းကြပ်ထား

ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် လုံခြုံရေးပိုမိုတင်းကြပ်ထား

-

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊ကျောင်းရွာကျေးရွာတွင် ယခုမတ်လ ၁ ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ရွာအဝင်အထွက် လုံခြုံရေးဂိတ် ပိုမိုတင်းကြပ်ထားကြောင်း သိရသည်။

ရေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့မှ ကျောင်းရွာအခြေစိုက် ခမရ (၅၉၁) ကို ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီတပ်မှ အရပ်အဝတ်ဖြင့် နေ့ရောညပါ စစ်ဆေးမှုပြုလုပ်နေသည်ဟု ကျောင်းရွာဒေသခံတို့ထံမှ သိရသည်။

“ အခြေအနေမကောင်းဘူး ဒီမှာ ရွာအပြင်မှာစစ်သားတွေအများကြီး မသကာင်္ရင်ဖမ်းတယ် သူတို့ရှိနေလို့ ဖုန်းထဲက စာတွေ ဖျက်ပစ်ရတယ် လွယ်အိတ်တို့ ဆိုင်ကယ်ဘောက်တို့ စစ်တယ် တခြားဧည့်သည် မျက်နှာစိမ်ဆိုရင် ဖုန်းပါစစ်ဆေးတယ် ”ဟု ကျောင်းရွာဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လမ်းသွားလမ်းလာ စစ်ဆေးမေးမြန်းခံရသူတို့သည် စစ်ကောင်စီတပ်ဖွဲ့မှ ရိုက်နက်ဖမ်းဆီးမှုတို့ရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှုးမှ လာရောက်ခေါ်ဆောင်မှသာ ပြန်လွှတ်ပေးသည့် ဖြစ်စဉ်တို့ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောင်းရွာကျေးရွာတွင် ညနေ ၆ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို ထပ်မံတင်းကြပ်ထားခြင်းကြောင့် ခြံလုပ်သားတို့ ရာဘာခြံအတွင်း အခြေခြနေထိုင်နေရကြောင်း ၎င်းရွာခံက ဆိုသည်။

“ ဒီအချိန်မှာ ဘယ်သူမှအသွားအလာမရဲကြဘူး ခြံသွားတဲ့လူတွေလည်း သိပ့်မရှိတော့ဘူး သွားရင်လည်း လိုအပ်တဲ့ ပစ္စည်းတွေ စားစရားတွေ တစ်ခါတည်းယူသွားပြီးတော့ ခြံထဲမှာ အပြီးပိုင်နေကြတယ်ပေါ့ အရင်လို ခြံနဲ့အိမ်အသွားအပြန်မလုပ်ရဲတော့ဘူး” ဟု ဆိုသည်။

ညမထွက်ရ အမိန့်လွန်ဆန်သူတို့ကိုလည်း စစ်ကောင်စီဘက်မှ အပြစ်ပေးမှုများရှိနေခြင်းကြောင့် ရာဘာလုပ်ငန်းလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားထားခြင်းတို့ ရှိနေကြာင်း သိရသည်။ အဆိုပါကျောင်းရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၅၈၃နှင့် ၅၉၁ တို့ အခြေစိုက်ထားသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခမရ ၅၉၁ အပါအဝင် ၊ရဲကင်းစခန်း၊တပ်ရင်း ၅၉၁ ၏ ကျောင်းကြိုပို့ကားတို့ ရေးမြို့နယ် အခြေစိုက် တောလှန်ရေးတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ခိုက်ခံရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts