Homeသတင်းမင်းပြားတွင် သားအမိနှစ်ဦးမှ သမီးဖြစ်သူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး နှစ်ဦးစလုံးသတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားဝန်ခံ

မင်းပြားတွင် သားအမိနှစ်ဦးမှ သမီးဖြစ်သူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး နှစ်ဦးစလုံးသတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားဝန်ခံ

-

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် င/တန်ပျင်ကျေးရွာမှ သားအမိနှစ်ဦးမှ သမီးဖြစ်သူအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားတစ်ဦး ဝန်ခံပြောဆိုထားသည့် ရုပ်သံကို ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၅) တပ်ရင်းမှ အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ခြင်းကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ကိုယ်ပိုင်အမှတ် – တတ/၁၂၅၉၄၀ တပ်သား ကိုကိုအောင်မှ ဝန်ခံထားသည်။

မိခင်ဖြစ်သူကို အိမ်အရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ပြီးနောက် သမီးဖြစ်သူကို တပ်ကြပ်ကြီး ကျော်မျိုးဦးဆိုသူ၊ ဒုတပ်ကြပ် သူရနိုင်၊ တပ်သားသစ် ချစ်မျိုးဦး၊ ကိုမျိုးအောင်ဆိုသူနှင့် တပ်သားသစ် ကိုကိုအောင်တို့မှ အဆင့်ဆင့် တစ်လှည့်စီအဓမ္မပြုကျင့်ခဲ့ကြောင်း ရုပ်သံမှ သိရသည်။

ကိုကိုအောင်မှ သမီးဖြစ်သူ အမျိုးသမီးငယ်ကို သေနတ်ဖြင့် ရင်ဘတ်ကို ပစ်ခတ်ပြီးနောက် မသေသေးဘဲ သူရနိုင်မှ ဓားဖြင့်လည်ပင်းကို လှီးကာ သတ်ဖြတ်ပြီးထားခဲ့ကြောင်းလည်း ပါရှိသည်။

အဆိုပါသားအမကို မသတ်ခင်က အဘိုးအိုတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။

သတ်ဖြတ်ကာ ထားခဲ့ပြီးနောက် ရွာလမ်းအတိုင်း ဆက်သွားရာ ကျော်မျိုးဦးဆိုသူမှာ နဖူးတွင် စနိုက်ပါထိမှန်ပြီးသေဆုံးခဲ့သည်။

ဒုတပ်ကြပ်သူရနိုင်ဆိုသူလည်း အဆိုပါနေရာတွင် သေဆုံးခဲ့ပြီး ချစ်လင်းဦးဆိုသူက နားထင်တွင် သေနတ်မှန်ကာ အဆိုပါနေရာတွင် ထပ်မံသေဆုံးခဲ့သည်။

အဆိုပါတပ်ကိုဦးစီးသည့် ဗိုလ်ကြီးနေလင်းကျော်ဆိုသူကမှာ မီးလောင်ပြီး တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း တပ်သားကိုကိုအောင်၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts