Homeသတင်းမွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု မွန်တော်လှန်ရေးအင်စုများ ထုတ်ပြန်

မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု မွန်တော်လှန်ရေးအင်စုများ ထုတ်ပြန်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) ၏ နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့နှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဟု မွန်တော်လှန်ရေးအင်အားစုများဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ထုတ်ပြန်သည်။

စစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့၏ ရဲဝင့်ပြတ်သားပြီး မှန်ကန်သည့် ရပ်တည်မှုအပေါ်၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းပြင် စစ်ကောင်စီနှင့် စစ်အာဏာရှင် (အာဏာရှင်စနစ်အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့နှင့် အတူတကွ လက်တွဲပြီး အောင်ပွဲရသည့်အထိ တိုက်ပွဲ ဝင်သွားမည်ဟုလည်း MSDF က အသိပေး ထုတ်ပြန် ‌ကြေညာထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကလည်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့၏ ထုတ်ပြန်ချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံကြောင်းနှင့်

စစ်အာဏာရှင် တိုက်ဖျက်ရာတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်မပြင် နိုင်ငံရေးအရလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

May be an image of 3 people and text

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts