Homeသတင်းငွေလိမ်ဂိုဏ်း၊ တရားမဝင်ကာစီနိုလောင်းကစားများကို တိုက်ဖျက်သွားမည်ဟု KNU ထုတ်ပြန်

ငွေလိမ်ဂိုဏ်း၊ တရားမဝင်ကာစီနိုလောင်းကစားများကို တိုက်ဖျက်သွားမည်ဟု KNU ထုတ်ပြန်

-

လွတ်လပ်သော မွန်သတင်းအေ‌ဂျင်စီ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။

ကရင်ပြည်နယ် နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများ၊ တရားမဝင်ကာစီနိုလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်သွားမည်ဟု KNU ဗဟိုက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်၏ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် စနစ်ဆိုးများနှင့် အဂတိလိုက်စားမှုများမှ အမြစ်တွယ်ပေါက်ဖွားလာခြင်းဖြစ်ပြီး အစိုးရအဆက်ဆက်၏ အဂတိလိုက်စားမှု တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုထားသည်။

ငွေလိမ်ဂိုဏ်းနှင့် တရားမဝင်ကာစီနိုလောင်းကစားလုပ်ငန်းများသည် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများကိုသာမက ပါဝင်ပတ်သက်နေသူများအားလုံးအတွက် လှုမှုဒုက္ခမျိုးစုံနှင့် ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေသည်ဟုလည်း ပြောဆိုထားသည်။

ထိုကြောင့် KNU အနေဖြင့် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနို လောင်းကစားလုပ်ငန်းများကို အကြွင်းမဲ့ဆန့်ကျင်ပြီး ရှင်းလင်းသန့်စင်မည့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိနေခြင်းကြောင့် နောက်ကွယ်မှ အကာအကွယ်ပေးခြင်း၊ ထောက်ခံနေခြင်းများ ပြုလုပ်နေသည်ဟုလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts