Friday, April 3, 2026
More
    spot_img
    Homeသတင်းကရင်နီတွင် ကိုယ်ဝန်ဆောင်အပါ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

    ကရင်နီတွင် ကိုယ်ဝန်ဆောင်အပါ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄။

    ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်တွင် စစ်ကောင်စီက ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

    စစ်ကောင်စီတပ်က ရှားတောမြို့နယ်ရှိ တောတောင်အတွင်း စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအား ဖမ်းဆီးကာ လမ်းပြစေပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့ကြောင်း သိရသည်။

    KNDF ပြောရေးဆိုခွင့်ရှိသူက “၄ ရက်နေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အား ၆၀ လောက်လာချသွားတယ်။ အဲ့ဒီအဖွဲ့က ရှားတောမြို့ရွာအပြင်ဖက်မှာ စစ်ရှောင်နေတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားတယ်။ အဲဒီနောက် ၅ ရက်နေ့ မနက်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

    ပစ်ခတ်သတ်ဖြတ်ခံရသူများတွင် ကိုယ်ဝန်ဆောင်၏ ဦးခေါင်းနှင့် ကလေးငယ်များ၏ ဦးခေါင်း ကျောပြင်များတွင် ကျည်ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီ စတင်ဖမ်းဆီးချိန်က ၈ ဦးဖြစ်ပြီး အမျိုးသားတစ်ဦးမှာ စစ်ကောင်စီထံမှ လွတ်မြောက်သွားကာ အခြားသူများကိုပြောပြပြီးနောက် အဆိုပါ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်မတိုင်မီ ရက်ပိုင်းခန့်တွင် စစ်ကောင်စီက ရှားတောမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးများကြောင့် ဒေသခံ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks