spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် ကရုပ္ပိရွာခံ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

    သံဖြူဇရပ်မြို့နယ် ကရုပ္ပိရွာခံ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖေါ်ဝါရီ ၈၊ ၂၀၂၄။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှ အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီလ ၇ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်ခန့်က ကရုပ္ပိကျေးရွာ၊ ထောင်ကေးအပိုင်းနေ ဒေါ်မလေးသည် ရွာအနီးရှိ ရော်ဘာခြံတွင် ထင်းသွားကောက်စဉ် မြေမြှုပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့သည်။

    မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေါ်မလေးသည် ခြေထောက်နှစ်ဖက်လုံးတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ဒေါ်မလေး ရဲ့ ဘယ်ဘက်ခြေထောက် ညို့သကျည်းအောက်ပိုင်းက ပြတ်ထွက်သွားတယ်။ ညာဘက်ခြေထောက်မှာလည်း စုတ်ပြတ်သွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က သံဖြုဇရပ်မြို့နယ်၊ အနင်းနှင့် ထင်းရှူးကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲအပြင် မြေမြုပ်မိုင်းအန္တရာယ်ပါ ရင်ဆိုင်ကြုံတွေ့လာကြရသည်။

    လက်ရှိတွင် ဒေသခံပြည်သူများ တိုက်ပွဲနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေ့စဉ်ဘဝကို စိုးရိမ်ပူပန်စွာ ဖြတ်သန်းနေကြရကြောင်းလည်း ဒေသခံတို့က ဆိုသည်။

    “တိုက်ပွဲတွေဖြစ်တုန်းကလည်း စိုးရိမ်ပြီးထွက်ပြေးကြရတယ်။ တိုက်ပွဲတွေပြီးသွားတော့လည်း မြေမြှုပ်မိုင်းတို့၊ စစ်လက်ကျန်ပစ္စည်းတို့ ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြရသေးတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောကြားသည်။

    မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေသည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ရေးမြို့နယ်တို့တွင် အရပ်သား မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တစ်နှစ်အတွင်းတွင် မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၇ သေဆုံးကာ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    May be an image of temple and text

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks