Homeသတင်းသထုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရ

သထုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၄။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စစ်ကောင်စီတပ် ခမရ ၉ တပ်ရင်း ဝင်းပတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ ဝင်းပတပ်စခန်းမှ ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကော့လှိုင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၉ နှစ်အရွယ် စောဒါးပူ (ခ)စောသက်နိုင်ထွေး ကျည်ထိမှန်သွားပြီး ယာဘက် ဒူးခေါင်းအောက် ထုတ်ချင်းပေါက်ပြီး အရိုးကျိုးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

သထုံမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူ နေထိုင်ရာ နေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး မကြာခဏပစ်ခတ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက် သေဆုံးမှုရှိခဲ့သည့်အပြင် လူနေအိမ်များ၊ သာသနာ့အဆောက်အဦးများ၊ အိမ်မွေးတိရိစ္ဆာန်များ၊ စိုက်ပျိုးသီးနှံပင်များနှင့် လုပ်ငန်းခွင်နေရာ ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်းဆိုသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၄၆ ဦး သေဆုံးခဲ့ပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရာမညဖက်ဒရယ် အင်အားစုသစ် – NRFF က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts