spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းသထုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    သထုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်၊ ပုတိန်းရိုးကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ပုတိမ်ရိုးကျေးရွာတွင် ကားလက်မှတ်ရောင်းသည့် ကိုမျိုးမင်းဆိုသူကို အမည်မသိသေနတ်သမားတို့က လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    ကိုမျိုးမင်းသည် နေအိမ်တွင် ဇနီးနှင့် အတူရှိနေစဉ် အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်မှတ်ဝယ်မည်ဆိုပြီး ကိုမျိုးမင်းအိမ်အောက်သို့ ဆင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုမျိုးမင်းသည် ရင်ဘတ်၊ ဦးခေါင်းတို့တွင် သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။  

    “သေနတ်သမားတွေက ကားလက်မှတ်ဝယ်တယ်ဆိုပြီး ခေါ်တော့ အိမ်အောက်ဆင်းလာတဲ့အချိန်မှာ ပစ်ထည့်လိုက်တာ။ ဘာကြောင့် ဒီလိုလုပ်တာလဲတော့ သေချာမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကိုမျိုးမင်းကို မည်သည့်လက်နက်က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရှိရသေးပေ။

    ကိုမျိုးမင်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့နေ ဦးသန်းနိုင်ကို ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းရှိ မုန့်ဟင်းခါးဆိုင်တွင်အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

    သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေးဆိုသူများအပြင် အရပ်သား ပစ်သတ်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks