spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမှတ်ပုံတင်မကျသော ပါတီများ အာဆီယံကိုယ်စားလှယ်နှင့် တွေ့ရန် ဖိတ်ကြားခြင်း မရှိ

    မှတ်ပုံတင်မကျသော ပါတီများ အာဆီယံကိုယ်စားလှယ်နှင့် တွေ့ရန် ဖိတ်ကြားခြင်း မရှိ

    -

    အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံကို လာရောက်ပြီး လာမည့် ဇန်နဝါရီ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုအား ပါတီမှတ်ပုံတင်မကျသေးသော နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံဆိုင်ရာ အလှည့်ကျအာဆီယံဥက္ကဌအဖြစ် တာဝန်ယူသွားမည့် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ မထွက်ရှိခင်က ဖိတ်ကြားမှု ရှိခဲ့ကြောင်း၊ ၎င်းဥပဒေ ထွက်ရှိလာပြီးနောက် ဖိတ်ကြားခြင်း မရှိတော့ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “အရင်တစ်ခေါက်တုန်းက ကျနော်တို့ နိုင်ငံရေးပါတီ ဥပဒေ မထွက်ခင်တုန်းက ကျနော်တို့ကို ဖိတ်တယ်ပေါ့။ အခုလက်ရှိ အနေအထားအထိကတော့ နိုင်ငံရေးပါတီအနေနဲ့ ကျနော်တို့ကို မဖိတ်သေးဘူးပေါ့။ ကျနော်တို့ကလည်း တင်ထားဆဲဆိုတော့ မှတ်ပုံတင်မကျသေးဘူးဆိုတော့ မဖိတ်တာလည်း အဲဒါတော့ ရှိတာပေါ့နော်။ အခုထက်ထိတော့ မဖိတ်သေးဘူး။ မှတ်ပုံတင် မကျသေးလို့ရှိရင် နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ တရားဝင် မသတ်မှတ်ရသေးတဲ့ သဘောပေါ့။ ဒါကြောင့် မဖိတ်တာ၊ အရင်တုန်းက ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ဒီဥပဒေအသစ်မထွက်ခင်တုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ တပ်မတော်နေ့ အကုန်လုံး ဖိတ်ကြတာပေါ့။ အခုလက်ရှိကတော့ မှတ်ပုံတင် မကျသေးတော့ နေ့ထူးနေမြတ်တွေကလည်း ကျနော်တို့ကို ဖိတ်လေ့ဖိတ်ထား မရှိဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

    လက်ရှိမှာ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အသစ်ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင်ကျထားသည့် နိုင်ငံရေးပါတီ ၄၅ ပါတီ ရှိကြောင်းသိရသည်။

    မိမိတို့ ပါတီကိုလည်း ဖိတ်ကြားခြင်း မရှိကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို လာရောက်စုံစမ်းခြင်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

    “ကျနော်တို့ကိုတော့ ဖိတ်ထားတာ မရှိဘူး။ မှတ်ပုံတင် ချပေးထားတာ မရှိလို့ မဖိတ်တာ ထင်တယ်။ ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲဆိုရင် အာဆီယံ အခုက လာအိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတော့ လာအိုက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့လူဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ 5 Point Consensus နဲ့ ပတ်သက်လို့ လာအိုသည် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံအခြေအနေကို လာပြီး လေ့လာစုံစမ်းတယ်၊ သဘောထားရှိတယ်လို့ ကျနော်က အဲဒီလို မြင်တယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိ လက်နက်ကိုင်ပဋိပက္ခအား ဖြေရှင်းရန် အာဆီယံအထူးကိုယ်စားလှယ် တာဝန်ယူထားသော လာအိုအနေဖြင့်လည်း ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “ဆိပ်မူကြာတွေ၊ ဆိတ်မူကြာတွေ၊ လာအိုက တရုတ်ရဲ့ အကြွေးတွေနဲ့ ပိနေတဲ့ ဟိုခေတ်က စကားဆိုရင်တော့ တပြည့်အဆင့်၊ အဲဒီက လွတ်လိုက်တဲ့ ကိုယ်စားလှယ်က ဘာဖြစ်မှာလဲ၊ ဘာမှမဖြစ်ဘူး။ အဲဒါတွေ ထည့်တွက် မနေနဲ့ အာဆီယံလည်း ထည့်မတွက်နဲ့ UN လည်း ထည့်မတွက်နဲ့ ကမ္ဘာကြီးက သူ့အလုပ်တွေနဲ့ သူရှုပ်နေတာ၊ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်၊ စစ်ကောင်စီကလည်းပဲ အကောင်းဆုံးကို ရွေးချယ်ပြီး လမ်းကို ရွေးရမယ်၊ ဒီဖက်ကလည်း နိုင်ငံရေးနည်းနဲ့ ရှင်းမရလို့ စစ်တိုက်နေတာ စစ်ကို နိုင်အောင်တိုက်ရမယ်။ အဲဒါပဲ” ဟု ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး ပြဿနာအား ဖြေရှင်းရန် မြန်မာ့အရေး အရေးပေါ်အစည်းအဝေးမှ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သော်လည်း ဖြေရှင်းနိုင်ခြင်း မရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks