Homeသတင်းကျုံဒိုးတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သီလရှင် ၂ ပါးအပါ ၃ ဦး ဒဏ်ရာရ

ကျုံဒိုးတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သီလရှင် ၂ ပါးအပါ ၃ ဦး ဒဏ်ရာရ

-

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သီလရှင် ၂ ပါးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီတပ် စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းမှ ဇန်နဝါရီလ ၅ ရက်နေ့က ကျုံဒိုးမြို့နယ်၊ မြောက်ကြာအင်းအုပ်စု၊ ဝိတ်ဇာကုန်းကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝိတ်ဇာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း စောင်းတန်းနှင့် သိမ်တော် ထိမှန်ပျက်စီးခဲ့သလို ကျောင်းအနီးရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဂေါပက ဦးမောင်ကြီးဆိုသူလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု အေကဲန်ယူက ဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ကလည်း စစ်ကောင်စီတပ် ခမရ ၅၄၅ တပ်ရင်းမှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးသည် ကော့ဝါလဲအုပ်စု၊ ကော့ဝါလဲကျေးရွာ အေးချမ်းသာယာ တောရကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ထပ်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်ရှိ မဥမ္မာစာရီနှင့် အသက် ၁၆ နှစ်ရှိ မအိန္ဒရံသီ သီလရှင်နှစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် သီလရှင်နှစ်ပါးကို ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှု ခံယူနေရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts