spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်အတွင်း နေအိမ်တွေကို စစ်တပ်က ဖောက်ထွင်ပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေ

    ကျိုက်မရောမြို့နယ်အတွင်း နေအိမ်တွေကို စစ်တပ်က ဖောက်ထွင်ပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေသည့် ချောင်းနှစ်ခွ၊ တောင်ကလေးအပါအဝင် အနီးရှိကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း နှစ်ဖက်တိုက်ပွဲ စတင်ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲကြောင့် အိမ်ခြေထောင်ချီရှိသည့် ချောင်းနှစ်ခွကျေးရွာမှ ဒေသခံပြည်သူများအပါအဝင် တောင်ကလေးနှင့် အနီးနားရှိ ကျေးရွာတို့မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ဒေသတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်များ ကျေးရွာအတွင်း စခန်းချနေထိုင်နေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံများ ယနေ့ချိန်ထိ နေရပ်မပြန်ရဲသေးသည့်အခြေအနေရှိနေသည်။

    လက်ရှိတွင် တောင်ကလေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က တောင်ကလေးကျေးရွာအပါအဝင် ကျောက်ကွဲ၊ မယ်တရို၊ ဖက်တေးကုန်းကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများဖြစ်သည့် ဆိုင်ကယ်၊ TV၊ ရေခဲသေတ္တာ၊ စက်ပစ္စည်းများ အခြားအိမ်အသုံးအဆောင်ပစ္စည်းများပါမကျန် ယူဆောင်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “အခု အိမ်မှာ ဗမာစစ်သားတွေ လာနေနေကြတယ်လို့ သတင်းကြားတယ်။ အိမ်မှာဆိုရင် ရေခဲသတ္တော နှစ်လုံးပဲကျန်တော့တယ်။ ကျန်တာက သူတို့ (စစ်တပ်) ယူသွားကြပြီးတဲ့။ အဲလိုကြားတော့ အိမ်ပြန်နေချင်တာ။ ဒါပေမဲ့ သူတို့မပေးဝင်ဘူး။ ဝင်ရင် သူတို့ဆီက ထောက်ခံစာရမှ ဝင်လို့ရမယ်။ စိတ်က အိမ်ကိုပဲရောက်နေတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် မယ်တရိုဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကာလအတွင်း ချောင်းနှစ်ခွကျေးရွာမှ နေအိမ် ၆၀၀ နီးပါး၊ တောင်ကလေးကျေးရွာမှ နေအိမ် ၂၀၀ ဝန်းကျင်၊ မယ်တရိုကျေးရွာရှိ နေအိမ် ၂၀၀ ကျော်၊ လှာကဇိုင်းကျေးရွာရှိ နေအိမ် ၁၀ လုံးထက်မနည်း နေအိမ်ဖောက်ထွင်း ပစ္စည်းအခိုးခံရသည်ဟု သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

    ချောင်းနှစ်ခွ ဒေသခံတစ်ဦးကလည်း “ရွာပြန်ချင်ရင် သူတို့(စစ်ကောင်စီ)ထံ ခွင့်ပြုချက်တောင်းရတယ်။ ရရင်လည်းတစ်ရက်၊ နှစ်ရက်ပဲ ပေးဝင်တယ်။ ရွာပြန်ရောက်ရင် သူတို့နဲ့အတူ နေရမယ်။

    လက်ရှိတွင်လည်း ကျိုက်မရောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    ကျိုက်ကမရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကော့ပနော အပါဝင် ကျေးရွာ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေရသည်ဟု စစ်ရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks