Homeသတင်းစစ်ကောင်စီ လက်နက်ကြီးကြောင့် ကျောင်းရွာဒေသခံ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျောင်းရွာဒေသခံ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း အရပ်သား ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၉၁ နှင့် ခမရ-၅၈၃ တပ်ရင်းများအား တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအဝင် ဒေသခံအရပ်သား ၂၃ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရွာထဲမှာ ၂၀၂၃ ခုနှစ်က လက်နက်ကြီးကျည် ကျလာတာ လူအများကြီးထိသွားတယ်။ တစ်နှစ်လုံး ခြုံငုံပြီး ပြောလိုက်ရင် ဒေသခံ ၂၀ ကျော် ဒဏ်ရာရသွားတယ်။ ကလေးတစ်ယောက်နဲ့ အသက် ၃၀ ကျော်နှင့်အထက်တွေပဲ ထိခိုက်တာများတယ်” ဟု ကျောင်းရွာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ကျောင်းရွာကျေးရွာ ရပ်ကွက် (၃) တွင် အမျိုးသမီး ၃ ဦး၊ ရပ်ကွက် (၄)တွင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (အုန်းတော) အခြား ကလေးငယ် (၁) ဦး အမျိုးသမီး ၂ ဦးတို့ ကျည်စ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျောင်းရွာအတွင်းရှိ ဈေးကြီးအနီးနှင့် စာသင်ကျောင်း အနောက်ဘက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးအပါအဝင် ဒေသခံ ၁၂ ဦးအထိ ထပ်မံထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင်းလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရွာအတွင်း နှင့် ရွာအပြင်ဘက်တို့၌ လက်နက်ကြီးကျည် ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်မှုများကြောင့် နေအိမ် ၂၀ ခန့် ထိခိုက် ပျက်စီးပြီး ဒေသခံများအနေဖြင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ခြံအလုပ် လုပ်ကိုင်နေသူများလည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

May be an image of temple and text that says "ရေးမြို့ ကြိုဆိုပါ၏"

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts