Homeသတင်းထို့ကော်ကိုးလမ်းပိုင်းတွင် ငွေကြေးတောင်းခံမှုများပြားလာ

ထို့ကော်ကိုးလမ်းပိုင်းတွင် ငွေကြေးတောင်းခံမှုများပြားလာ

-

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှု ပိုမိုများပြားလာသည်ဟု ကားသမားများထံမှ သိရသည်။

လက်ရှိအခြေအနေအရ ထို့ကော်ကိုးလမ်းပိုင်းတွင် လမ်းကြေးကောက်ခံသည့် ဂိတ်အများအပြားရှိလာသည့်အပြင် ယခုနှစ် ဇန်နဝါရီလမှစတင်၍ ငွေကြေး တောင်းခံမှုနှုန်း တိုးမြှင့်ကောက်ခံလာသောကြောင့် ကုန်တင်ကားနှင့် ခရီးသည်တင်ယာဉ်များအတွက် တွက်ခြေမကိုက်ဖြစ်လာသည်ဟု ဆိုသည်။

“ဂိတ်ကြေးလည်း အဆမတန်း သူတို့ကောက်တော့ ကျွန်တော်တို့လည်း ခရီးသည်ကြေး တိုးကောက်ရတာပေါ့။ အရင်က ဘားအံကနေ ကော့ကရိတ်ဆို တစ်ယောက်ကို သုံးသောင်းလောက်ပဲ ကောက်တယ်၊ အခုက ငါးသောင်းအထိ အဲဒီလိုတွေ ကောက်ရတယ်။ ခရီးသည်ကြေးများလာတော့ ဘယ်သူက သိပ်ပြီး မသွားကြတော့ဘူး။ ကျွန်တော်တို့အတွက် စားရေးသောက်ရေး မပြေလည်လာတာတွေ ရှိလာတာပေါ့” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဂိတ်ကြေးများ အဆမတန်း ပေးဆောင်နေရသောကြောင့် ခရီးသည်များကို ကားခတိုးမြှင့်ကောက်ခံနေရခြင်းဖြစ်ပြီး ကုန်တင်ကားအနေဖြင့်လည်း ကုန်ပစ္စည်း တင်ဆောင်ခွင့်ကို ယခင်နှုန်ထားထက် ငွေကြေးများ ပေးဆောင်နေရသည်ဟု ကုန်တင်ယာဥ်မောင်းတစ်ဦး က ပြောပြသည်။

“အဲဒီဂိတ်တွေမှာ အရင်က ကားတစ်စီးကို ငါးသောင်းအထိပဲ ပေးရတယ်။ အခုအိမ်စီးကားတစ်စီး အဆင်းဘက်မှာဆိုရင် တစ်သိန်းကျော်ပေးရတယ်။ ကုန်တင်ကာတစ်စီးကို သုံးသိန်း ဝန်းကျင်ထိပေးရတယ်။ ခရီးသည်တွေကို ကြည့်ပြီးတော့ တောင်းတယ်။ အမှန်တော့ ဆယ်ဘီး အထက် ကုန်တင်ကားဖြတ်သန်းခွင့် ပိတ်ထားတယ်။ ကားသမားတွေ တချို့က လမ်းကြေးပိုပေးပြီး သွားခွင့်ပေးနေတာလည်း ရှိတယ်” ဟု အထက်ပါယာဉ်မောင်းက ပြောသည်။

ကော့ကရိတ်မြို့အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားရာမှ ထိုင်း- မြန်မာ ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းအား သွားလာခွင့် ပိတ်ထားခဲ့သောကြောင့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များသည် မြဝတီ- ထို့ကော်ကိုး တောလမ်းအား အသုံးပြုလာခဲ့ခြင်းဖြစ်သည်။

May be an image of 6 people and jeep

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts