Homeသတင်းစစ်ကောင်စီထံ အလင်းဝင်ခဲ့သူသည် မွန်ပြည်တော်လှန်ရေးတပ်နှင့် လုံးဝပတ်သက်မှုမရှိဟုဆို

စစ်ကောင်စီထံ အလင်းဝင်ခဲ့သူသည် မွန်ပြည်တော်လှန်ရေးတပ်နှင့် လုံးဝပတ်သက်မှုမရှိဟုဆို

-

စစ်ကောင်စီထံ အလင်းဝင်ခဲ့သည့် နိုင်ဆီဂကူသည် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် လုံးဝပတ်သက်မှုမရှိကြောင်း MSRF က ထုတ်ပြန်သည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အဖွဲ့ဝင်တစ်ဦးဖြစ်သည့် နိုင်ဆီဂကူသည် လက်နက်မဲ့ အလင်းဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

လက်နက်မဲ့ အလင်းဝင်သည့် နိုင်ဆီဂကူကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်က တာဝန်ရှိသူများထံ ဂုဏ်ပြုအခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းပြင် နိုင်ဆီဂကူသည် ပြစ်မှုတစုံတရာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ခံဝန်လက်မှတ်ထိုးခိုင်းပြီး မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ကတော့ နိုင်ဆီဂကူသည် ရဲဘော်တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားမှုဖြင့် အရေးယူခံထားနေရစဉ် ပြည်သူလူထုအား လက်နက်ဖြင့် ခြိမ်းခြောက်မှု ထပ်မံကျူးလွန်ခဲ့သည့်အတွက် တပ်မှ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ကတည်းက တရားဝင် ထုတ်ပယ်ထားကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ဆီဂကူသည် မွန်ပြည်တော်လှန်ရေးတပ်နှင့် လုံးဝမပတ်သက်မှုမရှိတော့သလို ၄င်း၏ နောက်ဆက်တွဲ အပြုအမူနှင့် လုပ်ရပ်များသည်လည်း ၄င်းတာဝန်သာဖြစ်ကြောင်း MSRF က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts