spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်တော်လှန်ရေးတပ်သည် မွန်ပြည်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ရပ်တည်သွားမည်။

    မွန်ပြည်တော်လှန်ရေးတပ်သည် မွန်ပြည်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ရပ်တည်သွားမည်။

    -

    မွန်ပြည်တော်လှန်ရေးတပ် MSRF သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကို ခံယူပြီး မွန်ပြည်တပ် (သို့) မွန်ပြည်နယ်တပ်အဖြစ် ရပ်တည်သွားမည်ဟု ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နှစ်ဖက်ပူးတွဲထုတ်ပြန်သည်။

    မွန်ပြည်သူလုထုကို ညှင်းပန်းနှိပ်စက်နေသည့် စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ နှစ်ဖက်ခေါင်းဆောင်တို့ အကြေအလည် ဆွေးနွေးပြီး ယခုလို ရပ်တည်သွားရန် သဘောတူခဲ့သည်ဟု ဆိုသည်။

    မွန်ပြည်တော်လှန်ရေးတပ်သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုဖြင့် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ရေးဆိုင်ရာလိုအပ်ချက်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တာဝန်ယူ ဖြည့်ဆည်းသွားမည်ဟု ထုတ်ပြန်ထားသည်။

    ၎င်းပြင် မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့သည် ရည်မှန်းချက်ပန်းတိုင်ရောက်သည့်အထိ အတူလက်တွဲကာ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

    မွန်ပြည်တော်လှန်ရေးတပ်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တပ်အဖြစ် ရပ်တည်ပြီး ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks