spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် မြို့ပေါ် ပြောင်းရွှေ့နေထိုင်သူများလာ

    တိုက်ပွဲကြောင့် မြို့ပေါ် ပြောင်းရွှေ့နေထိုင်သူများလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာလ ၈၊ ၂၀၂၃။

    မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် နေရပ်စွန့်ခွာပြီး မြို့ပေါ် ပြောင်းရွှေ့နေထိုၚ်သူများလာကြောင်း သိရသည်။

    အထူးသဖြင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြောင်းရွှေ့သူသိသိသာသာများလာသည်ဟု မော်လမြိုင်မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

    “ပြောင်းရွှေ့လာသူတွေက အိမ်ငှားကြတာများတယ်။ မော်လမြိင်မှာဆိုရင် အထူးသဖြင့် ကျိုက်မရောကလာတဲ့သူတွေက အိမ်ငှားကြတာများတယ်။ မော်လမြိုင်မှာရှိတဲ့ တိုက်ခန်းတွေ အိမ်တွေ ရှာငှားလို့မရတော့အထိ အိမ်ငှားသူတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

    ပြောင်းရွှေ့သူများလာသည့်အတွက် မြို့ပေါ်က အိမ်ငှားရမ်းခလည်း စျေးမြင့်တက်လာကြောင်း အထက်ပါအိမ်၊ ခြံ၊ မြေအကျိုးဆောင်က ဆက်ပြောသည်။

    လက်ရှိတွင် မော်လမြိုင်မြို့ပေါ်က အိမ်ငှားရမ်းခသည် တည်နေရာနှင့် အိမ်အခြေအနေပေါ်မူတည်ပြီး တစ်လလျှင် အနည်းဆုံး ကျပ် ၂ သိန်းရှိနေပြီး တိုက်ခန်းဆိုလျှင် တစ်လ အနည်းဆုံး ၁ သိန်း ရှိသည်ဟု စုံစမ်းသိရှိရသည်

    အလားတူ ရေးမြို့နယ်တွင်လည်း ညဘက် လက်နက်ကြီးသံ၊ ဗုံးသံများ ကြားနေရသည့်အတွက် မြို့ခံများက စိုးရိမ်းကြောင်လန့်ပြီး သံဖြူဇရပ်၊ မုဒုံ နှင့် မော်လမြိုင်မြို့အပြင် အခြားဘေးလွတ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေကြသည်လည်း ရှိသည်။

    ရေးမြို့ခံတစ်ဦးက “အခုက ရေးမြို့ပေါ်မှာထက် ရွာတွေဘက်မှာ ပိုအေးချမ်းနေတယ်။ ရေးမြို့မှာဆိုရင် ညဘက် ဗုံးသံတွေ၊ သေနတ်သံတွေ ကြားနေရတယ်။ တချို့လူတွေက ကြောက်လို့ သူတို့ ဆွေမျိုးရှိတဲ့ ရွာတို့ အခြားမြို့တွေကို ပြောင်းသွားကြတာလဲရှိတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ရေး၊ ကျိုက်မရော၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး သောင်းနှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ISP – Myanmar ၏ နိုဝင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှုအလွန် သုံးနှစ်နီးပါးကာလတွင် နိုင်ငံအနှံ စစ်ဆင်ရေးနယ်မြေကျယ်ပြန့်လာသည့်အတွက် ပြည်တွင်းစစ်ရှောင်ဦးရေ လေသန်းကျော်အထိရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts