spot_img
Friday, May 17, 2024
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်စွပ်စွဲချက်ဖြင့် ရဟန်းတစ်ပါး ဖမ်းဆီးအမှုဖွင့်ခံရ

    ကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်စွပ်စွဲချက်ဖြင့် ရဟန်းတစ်ပါး ဖမ်းဆီးအမှုဖွင့်ခံရ

    -

    ဒီဇင်ဘာ ၈၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရဟန်းတစ်ပါး ဖမ်းဆီးအမှုဖွင့်ခံရကြောင်း သိရသည်။

    ကျိုက်ထိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ရဟန်းတစ်ပါးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

    ကျိုက်ထိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သီတင်းသုံးနေသည့် ဥူးဥတ္တမကို စစ်ကောင်စီတပ်တို့က ဒီဇင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်မှု ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

    “ဥူးဥတ္တမက NUG နဲ့ PDF အဖွဲ့တွေက ပြုလုပ်တဲ့ ကမ်ပိန်းတစ်ခု Kpay နဲ့ ငွေကြေးထည့်ဝင်ထားတာကို တာဝန်ရှိသူတွေက စိစစ်တွေ့ရှိခဲ့တဲ့အတွက် ယခုလို အမှုဖွင့်အရေးယူထားတာလို့ သိရတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဥူးဥတ္တမကို ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ) ၁၀၆/၂၀၂၃၊ (၂၀၁၄) ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆိုသည်။

    အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ဖယ်ဒိုကျေးရွာနေ မသူဇာဝင်း (ခ) ချန ဆိုသူကိုလည်း NUG နှင့် PDF တို့ကို Wave Money မှတဆင့် ငွေကြေးထောင်ပံ့ခြင်းများ ပြုလုပ်ထားသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မော်လမြိုင် ဒီဇင်ဘာ (၈) လူမှုကွန်ရက်ပေါ် မမှန်သတင်းများ ရေးသားနေသည်ဟုဆိုကာ မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦး ပုဒ်မ – ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင်ပင် မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးဇွဲအာကာ (ခ) သားချိုဆိုသူကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်သည့်စာရေးသားဖြန့်ဝေခဲ့သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ – ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts