Homeသတင်းပေါင်တွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းအတုလုပ်ပေးသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ပေါင်တွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းအတုလုပ်ပေးသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

-

ဒီဇင်ဘာ ၇၊ ၂၀၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအတုပြုလုပ်ပေးနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ အမှတ် (၁) ရပ်ကွက်နေ ဦးမောင်အေးဆိုသူနေအိမ်တွင် ဒီဇင်ဘာလ ၆ ရက်နေ့က မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအတုပြုလုပ်ပေးနေသည့်အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရပြီး သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဦးမောင်အေးရဲ့အိမ်မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းအတုပြုလုပ်ပေးဖို့ အမျိုးသားတစ်ဦး ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးပြီး ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိခဲ့သည့်အမျိုးသားသည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် (၈) လမ်းနေ ဝေဖြိုးမင်းဆိုသူဖြစ်သည်ဟု ဆိုသည်။

ဝေဖြိုးမင်းသည် သွေးနှောများနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်လိုသူများအတွက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအတုများ လုပ်ပေးနေသူတစ်ဦးဖြစ်သည်ကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဝေဖြိုးမင်းသည် သွေးနှောများအတွက် မှတ်ပုံတင်အတုတစ်ခုလျှင် ကျပ် ၅ သိန်းမှ ၆ သိန်းကြား ယူပြီး  လုပ်ဆောင်ပေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝေဖြိုးမင်းကို ဇင်းကျိုက်နယ်မြေရဲစခန်းတွင် (ပ) ၁၀၅/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts