spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်က စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရဆဲ

    ကျိုက်မရောမြို့နယ်က စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရဆဲ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာ ၅၊ ၂၀၂၃။

    မြန်မာစစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲတို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည့် မွန်ပြည်နယ်၊ ကျိုက်မရောဒေသက ကျေးရွာအချို့တွင် အခြေခံပညာစာသင်းကျောင်း ၂၀ ကျော် ပိတ်ထားရဆဲဟု ဒေသခံများထံမှ သိရသည်။

    လက်ရှိအချိန်ထိ အချိန်အထိ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်သည့် ကျိုက်မရောမြို့နယ်အတွင်းက မရမ်းကုန်၊ ချောင်းနှစ်ခွ၊ မယ်တရို၊ ပေါလောကုန်း၊ မီးသွေးကုန်း၊ ကဒါ၊ ကြံတော၊ တောင်ကလေး၊ ကျောက်ကွဲနှင့် ကော့ဒွန်း၊ ကော့ပနော့စသည့်ကျေးရွာများရှိ စာသင်းကျောင်း ၂၀ ကျော်ကို ပိတ်ထားရခြင်းဖြစ်သည်။

    “ဒီဘက်မှာ ရက် ၂၀ ကျော်ရှိပြီး ပိတ်ထားတယ်၊ ကရင်ကျေရွာတွေဘက်မှာလည်း ကျောင်းတွေ အကုန်းလုံးပိတ်ထားရတယ်။ သွားလာလည်း မရဘူး။ လက်နက်အသံကြားတော့ ဆရာမတောင် ကျောင်းမတက်ရဲတော့ ကျောင်းပိတ်လိုက်ရတယ်။ လမ်းတွေ အကုန်လုံးပိတ်ထားတယ်ဆိုတော့ သူတို့ (လက်နက်ကိုင်အဖွဲ့တွေ) ခွင့်မပြုရင် သွားလာလို့ မရဘူးလေး။ စာသင်ကျောင်း ၂၀ ကျောင်း ပိတ်ထားရတယ်” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေသည့်အပြင် စစ်ကောင်စီတပ်ဘက်က လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့် စာသင်ကျောင်းအရေးအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း ခန့်မှန်းပြောဆိုနေကြသည်။

    ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတား ဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ယနေ့အချိန်ထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလာတာ တစ်လနီးပါးကြာမြင့်ပြီးဖြစ်သည်။

    တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ကျိုက်မရောမြို့နယ်အတွင်းက ကလေးငယ်များ (အ အာ)

    “ဒီတိုက်ပွဲ အမြန်ပြီးဆုံးစေချင်ပြီ။ ဒေသခံတွေက ဘယ်သူက တိုက်ပွဲကို အလိုရှိမှာလဲ။ ရော်ဘာခြံလည်း သွားလို့မရ၊ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အိမ်မှာလည်း မနေရဘူး၊ လနဲ့ ချီစစ်ဖြစ်နေတယ်လေး။ ဒီတိုက်ပွဲ ဘယ်သူမှ အလိုမရှိဘူး။ ကျမတို့ရဲ ဆန္ဒက အိမ်အမြန်ပြန်ချင်တယ်” ဟု တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ချောင်းနှစ်ခွ၊ မယ်တရို၊ ကျောက်ကွဲ၊ ပေါလော၊ လှကဇိုင်း၊ တောင်ကလေး၊ မရမ်းကုန်း၊ ကော့ဒွန်း၊ ကော့ပနော အစရှိသည့် ကျေးရွာပေါင်း ၂၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts