spot_img
Monday, April 29, 2024
More
    spot_img
    Homeသတင်းပျားတောင်ဒေသခံများ ဒေသတွင်းက ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေး

    ပျားတောင်ဒေသခံများ ဒေသတွင်းက ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာလ ၅၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်လိုဏ်ဂူအတွင်း တိမ်းရှောင်နေကြသူများနှင့် ကျေးရွာအတွင်း ကျန်ရှိနေသူများ ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေးပြောဆိုခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဒေသတွင်းဖြစ်ပွားနေသည့်တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင်း ပျားတောင်ဒေသက ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းအနက် ဒေသခံ ၂၀၀ ခန့်က ပျားတောင်လိုဏ်ဂူထဲတွင် တိမ်းရှောင်နေကြရသည်။

    ဒေသတွင်းက ထွက်ခွာခိုင်းသည့်အကြောင်းအရင်းကို တော်လှန်ရေးအင်အားစုဘက် ပြောဆိုခြင်းမရှိသော်လည်း ဒေသတွင်း အချိန်မရွေးတိုက်ပွဲ ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ အထိအခိုက်မရှိအောင် တော်လှန်ရေးအင်အားစုဘက်က ယခုလို ထွက်ခွာခိုင်းတာဖြစ်နိုင်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

    “တော်လှန်ရေးအင်အားစုတွေက ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေကို ပြောတာ။ ဒီတစ်လော ပျားတောင်မှာရှိတဲ့ စစ်ရှောင်တွေကို နေရာပြောင်းပေးဖို့နဲ့ ရွာမှာ ကျန်တဲ့လူတွေလည်း ဒီနှစ်ရက် သုံးရက်အတွင်းမှာ လုံခြုံတဲ့နေရာတွေကို ခေတ္တရွှေ့ပြောင်းပေးဖို့ ပြောတယ်” ဟု ကော့ဒွန်းဒေသခံတစ်ဦးက ပြောသည်။

    တော်လှန်ရေးအင်အားစုဘက်က ထိုသို့ပြောဆိုသတိပေးပြီးနောက် ပျားတောင်လိုဏ်ဂူအတွင်း တိမ်းရှောင်နေရသည့် ဒေသခံ ၂၀၀ ကျော်ကို စစ်ဘေးရှောင်ကူညီနေသူတို့က စစ်ဘေးရှောင်ယာယီစခန်းဖွင့်လှစ်ထားသည့် ကျွန်းရွာဘုန်းကြီးကျောင်း၊ ကော့ပလိုင်းဘုန်းကြီးကျောင်းနှင့် အခြားဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း အခြေအနေငြိမ်သက်နေသော်လည်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများ ကျေးရွာအတွင်း နေထိုင်ရန်မသင့်သေးကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

    ၎င်းက “မနေ့ကနဲ့ ဒီနေ့အခြေနေက တည်ငြမ်နေသေးတယ်။ ဒါပေမဲ့ ကောင်းလာဖို့လား ဆိုးလာဖို့လားဆိုတာကို ခန့်မှန်းလို့မတတ်ဘူး။ အခုပျားတောင်မှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကိုလည်း အဲ့မှာနေခွင့််မပေးတော့ဘူး။ ဒီလိုမျိုးပဲ ကျွန်တော်တို့ရွာက စစ်မျက်နှာဖြစ်နေသရွေ့က အခြေနေက စိတ်ချလို့မရဘူး” ဟု ဆိုသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြန်းထန်လာခဲ့သည်။

    တိုက်ပွဲကြောင့် အရပ်သား ၅ ဦးခန့် သေဆုံးခဲ့ရပြီး ၁၀ ဦးမထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည့်အပြင် လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်း အများပြားရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts