spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမြို့တွင်းတိုက်ပွဲဖော်ဆောင်မည့် ကောလဟာလကြောင့် ရေးမြို့ခံများ စိုးရိမ်မှုများမြင့်တက်

    မြို့တွင်းတိုက်ပွဲဖော်ဆောင်မည့် ကောလဟာလကြောင့် ရေးမြို့ခံများ စိုးရိမ်မှုများမြင့်တက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင် သည့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်တော့မည့် ကောလာဟလသတင်း ပြန့်နှံ့နေမှုကြောင့် ရေးမြို့ခံများ စိုးရိမ်းမှုများမြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

    အဆိုပါ မြို့တွင်းတိုက်ပွဲဖော်ဆောင်မည့်သတင်းများ ထွက်ပေါ်နေမှုကြောင့် ရေးမြို့ ဒေသခံပြည်သူအချို့ ဆန်နှင့် စားနပ်ရိက္ခာများ ဝယ်ယူစုဆောင်းနေကြသည်ဟု ဆိုသည်။

    ရေးမြို့ ဒေသခံတစ်ဦးက “ရေးမှာ မြို့ဝင်သိမ်းမယ်လို့ အဲဒီလို ကောလာဟလသတင်းလား၊ တကယ်လားမသိဘူး အဲလိုမျိုးသတင်းတွေ ထွက်နေတော့ ပြည်သူတွေလည်း ကြောက်နေ ကြတယ်။ တိုက်ပွဲဖြစ်ရင် စစ်ကောင်စီ က လေယာဉ်နဲ့ လာပစ်မယ်ဆိုတော့ ပြည်သူတွေ အဲဒါကို စိုးရိမ်နေကြတယ်၊ နောက် ဆန်တွေ၊ စားနပ်ရိက္ခာတွေ ဝယ်စုနေကြပြီး ဆန်ဈေးတွေလည်း ဆန်တစ်အိတ် တစ်သောင်းလောက် တက်သွားတယ်” ဟု ပြောသည်။

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရေးမြို့ကို လုံခြုံရေး ပိုမိုတင်းကြပ်ထားပြီး ညပိုင်းတွင်လည်း မြို့ပတ်၍ ကင်းလှည့်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ဒေသခံပြည်သူများအနေဖြင့်လည်း သွားလာလှုပ်ရှားမှု နည်းပါးလာပြီး ယခင်က လူစည်းကားရာ နေရာတွင်ပင် လက်ရှိ ပိုမိုခြောက်ကပ်လာသည်ဟု အခြားရေးမြို့ဒေသခံတစ်ဦးမှ ပြောပြသည်။

    “မြို့ထဲမှာ ခြောက်ကပ်နေတာ ကမ်းနားဈေး ဒီလောက်ရှုပ်နေတာတောင်မှ အခုရှင်းနေရောပဲ၊ နယ်ကလူတွေ မတက်လာတော့တာ ကားတွေလည်း မတက်လာဘူး။ သူတို့လည်း ဘာသတင်းကြားလဲတော့ မသိဘူး။ လူတွေလည်း မြို့မှာ တော်တော်ရှင်းသွားတယ်၊ အသွားအလာပေါ့နော်။ တိမ်ကောသွားတယ် ဈေးသယ်တွေလည်း ဈေးမရောင်းရ” ဟု ပြောသည်။

    အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် နှစ်ပတ်လည်ပွဲ ကျင်းပနေစဥ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မော်လမြိုင်မြို့ပေါ်တွင် လုံခြုံရေး တိုးမြှင့်ချထားပြီး ကား၊ ဆိုင်ကယ်တွေကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts