Homeသတင်းမွန်တွင် အိမ်ခြံမြေ အရောင်းအဝယ် ပြန်သွက်လာ

မွန်တွင် အိမ်ခြံမြေ အရောင်းအဝယ် ပြန်သွက်လာ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၃။

ယခုရက်ပိုင်းအတွင်း ဒေါ်လာနှင့် ရွေဈေးနှုန်း ထပ်မံမြင့်တက်လာမှုကြောင့် နိုဝင်ဘာ (၁၂) ရက်နေ့မှ စတင်ပြီး မွန်ပြည်နယ်တွင် အိမ်ခြံမြေရောင်းဝယ်ရေး ပြန်သွက်လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့ ထံမှ သိရသည်။

“အိမ်ခြံမြေ ရောင်းဝယ်ရေးက ပြီးခဲ့တဲ့အပတ်ကနေစပြီး အရောင်းဝယ်သွက်လာတယ်။ မြေဈေးက ငွေနှစ်သောင်းကျပ်တန် ထုတ်ပြီးကတည်းက အရင်းဈေးအတိုင်းပဲ တည်ငြိမ်း နေတယ်။ နိုင်ငံရေးအခြေအနေအပေါ်မှာပဲ မူတည်တယ်။ လူတွေစိုးရိမ်မှုများတော့ ရောင်းဝယ်ရေးအခြေအနေ ပိုဖြစ်လာတာပေါ့။ အဓိက လက်ထဲမှာ ငွေမထားချင်ကြတော့ဘူး၊ ရွှေလည်းမကိုင်ချင်ဘူး၊ မြေဝယ်ကြတာများတယ်” ဟု မော်လမြိုင်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလပထမအပတ်အတွင်းက မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို (၃၅) သိန်းဝန်းကျင်ရှိရာမှ ယခုအချိန်တွင် တစ်ကျပ်သားကို (၃၇) သိန်းအထိ စျေးနှုန်းမြင့်တက်လာခဲ့သည်။

အလားတူ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ (၃၃၀၀) ဝန်းကျင်ရှိခဲ့ရာမှ ယခု တစ်ဒေါ်လာ ကျပ် (၃၅၀၀) ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့သည်။

“မြေဈေးက တိတိကျကျပြောလို့မရဘူး၊ မြေနေရာအပေါ်မူတည်ပြီး အလုပ်လုပ်လို့ရတဲ့နေရာ ဆိုင်ခန်းဖွင့်လို့ရတဲ့နေရာတွေမှာဆိုရင် ဈေးမြင့်နေတာပေါ့။ မြေကွက်က ဈေးပြန်ကျဖို့မရှိဘူး ထပ်တက်ဖို့ပဲရှိတယ်” ဟု မော်လမြိုင်မြို့မှ အခြားအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

လက်ရှိ မော်လမြိုင်မြို့တွင် တည်နေရာအပေါ် မူတည်ပြီး ပေ (၄၀+၆၀) ပတ်လည်တစ်ကွက် လျှင် သိန်း (၁၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts