spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ဝန်ထမ်းလိုင်းခန်းက ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ ပြင်ပသို့ ပြောင်းရွေ့နေထိုင်နေကြ

    ဘီးလင်းတွင် ဝန်ထမ်းလိုင်းခန်းက ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ ပြင်ပသို့ ပြောင်းရွေ့နေထိုင်နေကြ

    -

    နိုဝင်ဘာ ၂၀၊ ၂၀၂၃

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်နေကြသည့် ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ လူနေရပ်ကွက်များသို့ ပြောင်းရွေ့နေထိုင်မှုများရှိနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

    ဘီးလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လာရောက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် နိုဝင်ဘာလဒုတိယအပတ်မှစတင်ကာ လုံခြုံရေးအခြေအနေအကြောင်းပြချက်ဖြင့် ဝန်ထမ်းလိုင်းခန်းများမှ လူနေရပ်ကွက်များအတွင်းသို့ ပြောင်းရွေ့နေထိုင်နေကြကြောင်း ဆိုသည်။

    “အဓိက ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ တောင်စွန်းနယ်မြေရဲစခန်း၊ ဝင်းကရဲစခန်း နဲ့ ထွေ/အုပ်ဝန်ထမ်းမိသားစုတွေ ပြောင်းရွေ့နေကြလို၊ အခြားဝန်ထမ်းမိသားစုတွေလည်း သက်ဆိုင်ရာဝန်ထမ်းလိုင်းခိုင်းကနေ ပြောင်းရွေ့နေကြတာမျိုးတွေ့ရတယ်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပြင် ပြည်သူ့စစ်အဖွဲ့များကပါ သတ်မှတ်နေရာများတွင် ၂၄ နာရီ လုံခြုံရေးလုပ်ဆောင်နေကြရသလို ရပ်ကွက်နှင့် ကျေးရွများတွင်လည်း ဧည့်စာရင်းများ မကြာခဏစစ်ဆေးမှုများလုပ်ဆောင်နေကြကြောင်းလည်း ဘီးလင်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    “ဧည့်စာရင်းက ညတိုင်းလိုလိုကို စစ်နေကြတာ။ ပြီးတော့ ဘီးလင်းမြို့ကို ညဘက်မှာ စစ်ကားတွေ၊ ရဲကားတွေနဲ့ လှည့်နေတာမျိုးတွေ့ရတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

    မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများ၊ လုံခြုံရေးဂိတ်များ မကြာခဏပစ်ခတ်တိုက်ခိုက်ခံနေရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် ဝင်းကရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး အရက်ဆိုင်တွင် တည်ရှိနေစဉ် အမည်မသိသေနတ်သမားတို့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သည်။

    ၎င်းပြင် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ခြင်္သေ့နှစ်ကောင်မုခ်ဝအနီးရှိ ပြည်သူ့စစ်ဂိတ် Drop Bomb ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks