Monday, March 30, 2026
More
    spot_img
    Homeသတင်းရက်ပိုင်းအတွင်း ရွှေတစ်ကျပ်သား ကျပ်တစ်သိန်းခွဲခန့် စျေးတက်လာ

    ရက်ပိုင်းအတွင်း ရွှေတစ်ကျပ်သား ကျပ်တစ်သိန်းခွဲခန့် စျေးတက်လာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၃။

    မွန်ပြည်နယ်စျေးကွက်တွင် ယခုအပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ်တစ်သိန်းခွဲဝန်းကျင် စျေးတက်လာသည်ဟု ရွှေလုပ်ငန်းရှင်အချို့တို့ထံမှ သိရသည်။

    အခေါက်ရွှေစျေးသည် နိုဝင်ဘာလပထမအပတ်အတွင်းက တစ်ကျပ်သား ၃၅ သိန်းဝန်းကျင်ရှိရာမှ နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ တစ်ကျပ်သား ၃၆ သိန်းခွဲဝန်းကျင် စျေးတက်လာသည်ဟု ဆိုသည်။

    ရွှေဈေးထိုးတက်လာသည့်အချိန်တွင် ရွှေအရောင်းအဝယ် အေးစက်နေသည်ဟုလည်း ရွှေဆိုင်လုပ်ငန်းရှင်းတို့ထံမှ သိရသည်။

    ရွှေစျေးနှင့်အတူ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်း တန်ဖိုးမြင့်တက်လာပြီး မြန်မာငွေဈေး ဆက်တိုက်ကျဆင်းလာနေသည်။

    ထိုင်းဘတ်စျေးသည် မြန်မာငွေတစ်သိန်းလျှင် ၁၁၃၀ ဘတ်ဝန်းကျင် ပေါက်ဈေးရှိရာမှ ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၁၀၃၀ ဝန်းကျင် ပေါက်ဈေးရှိသည်ဟု ငွေလွှဲလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

    “ငွေစျေးကတော့ မငြိမ်ဘူး။ မနက်ပိုင်း ၁၀၆၅ ဖြစ်နေတယ်။ နေ့လည်လောက်မှာ ၁၀၃၄ လောက်ဖြစ်သွားတယ်။ အဲလို အတက်အကျရှိတယ်။ နည်းနည်းမတည်မငြိမ်ဖြစ်ပြီးဆိုရင် ငွေစျေးတွေက လှုပ်လာတယ်။ ဒီတစ်ပတ်အတွင်းမှာ စျေးပြောင်းနေတာ” ဟု မော်လမြိုင်မြို့မှ ထိုင်းဘတ် ငွေလွှဲလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    ထိုင်းဘတ်စျေး မြင့်တက်လာသည်နှင့် ထိုင်းနိုင်ငံက တင်သွင်းသည့် ပစ္စည်းများ၊ စားသောက်ကုန်များလည်း အနည်းငယ် စျေးတက်လာသည်ဟု ထိုင်းကုန်ပစ္စည်းရောင်းဝယ်သူတို့ထံမှ သိရသည်။

    ပြည်တွင်းရွှေစျေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ အထိ စံချိန်တင် မြင့်တတ်ခဲ့ဖူးသည်။

    အလားတူ မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၉၅၀ ဝန်းကျင်အထိ မြန်မာငွေတန်ဖိုး ကျခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks