spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ထွက်ဆားများ ကိုးရီးယားဈေးကွက်သို့ တင်ပို့နိုင်ရန် ပြင်ဆင်နေ

    မွန်ပြည်နယ်ထွက်ဆားများ ကိုးရီးယားဈေးကွက်သို့ တင်ပို့နိုင်ရန် ပြင်ဆင်နေ

    -

    နိုဝင်ဘာ ၁၅၊ ၂၀၂၃

    မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းများကို တောင်ကိုးရီးယားဈေးကွက်သို့ တင်ပို့နိုင်ရန် ပြင်ဆင်နေသည်ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတို့ထံမှ သိရသည်။

    တောင်ကိုးရီးယားနိုင်ငံ၏ ဆားလိုအပ်ချက်အရ နှစ်နိုင်ငံကြား ဆားကြမ်းတင်ပို့နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလနောက်ဆုံးအပတ်ခန့်က နားလည်မှုစာချွန်လွှာ (MOU ) လက်မှတ်ရေးထိုးထားပြီး၊ ယခုနှစ်မကုန်မီ တင်ပို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဝင်းထိန်က ဆိုသည်။

    “ကိုးရီးယားမှာက နှစ်စဉ်ဆားတန်ချိန် ၃ သန်း လောက်ထွက်တယ်။ ဒါပေမဲ့ သူတို့ ပြည်တွင်းအတွက်ကို ၇ သန်းလောက်သုံးနေရတော့ ဆားလိုအပ်ချက်များနေတယ်။ အခုက ကျွန်တော်တို့ဆီကို ကွင်းဆင်းလေ့လာလို့ပြီးပြီ။ သဘာတူညီမှုလည်းရထားပြီးပြီ” ဟု ၎င်းက ပြောသည်။

    သို့သော်လည်း ကိုးရီးယားဈေးကွက်သို့ တင်သွင်းနိုင်ရန် လိုအပ်သည့် စံချိန်စံညွှန်းအတိုင်းရရှိရန် ပြင်ဆင်မှုများစွားပြုလုပ်ရမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်အတွင်းက ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ကြားနေတာက သူတို့ ဒီမှာစက်ရုံတည်ပြီးမှ ဒီကနေ လိုအပ်တာတွေလုပ်ပြီး သူတို့ရဲ့ထုတ်ပိုးမှုအတိုင်း ထုတ်ပိုးပြီးမှသာ တင်သွင်းခွင့်ရမယ်လို့ ပြေားထားတယ်ပေါ့။ အဲ့တော့ပြင်ဆင်ရမှာက နည်းနည်းများနေတယ်ပေါ့” ဟု အထက်ပါဆားလုပ်ငန်းရှင်က ဆိုသည်။

    မွန်ပြည်နယ်ထွက်ဆားများ တောင်ကိုးရီးယားနိုင်ငံသို့ တင်ပို့နိုင်ပါက ဆားတောင်သူများအတွက် ခိုင်မာသည့် ဆားဈေးကွက်တစ်ခု ရရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းက ဆိုသည်။

    မွန်ပြည်ထွက်ဆားများကို ပြည်နယ်အတွင်း စားသုံးရန်နှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် အဓိက အသုံးပြုလျှက်ရှိပြီး ပိုလျှံသည့် ဆားများကို တိုင်းနှင့် ပြည်နယ်အသီးသီရှိ ငါးလုပ်ငန်းဈေးကွက်သို့ တင်ပို့လျှက်ရှိကြောင်း သိရသည်။

    လက်ရှိတွင် မွန်ပြည်နယ်ဈေးကွက်အတွင်း ဆားကြမ်းတစ်ပိဿာ ကျပ် ၂၀၀ ခန့် ပေါက်ဈေးရှိနေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ နှစ်စဉ်ဆားတန်ချိန် ၆ သောင်းခန့်ထွက်ရှိပြီး အိုင်အိုဒင်းဆားချော ၁၅ ရုံမှ ဆားချောတန် ၄ သောင်းကျော် နှစ်စဉ်ထွက်ရှိနေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts