spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် အခြေခံလူတန်စားများ ပိုမိုခက်ခဲလာ

    ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် အခြေခံလူတန်စားများ ပိုမိုခက်ခဲလာ

    -

    နိုဝင်ဘာ ၁၄ ၊ ၂၃။

    မွန်ပြည်နယ်ဈေးကွက်အတွင်း မဖြစ်မနေ စားသုံးကြရမည့် အခြေခံစားသောက်ကုန်များ ဖြစ် သည့် ဆန်၊ ဆီအပါအဝင် အခြားစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှု ကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်ဟု ဆိုသည်။

    “အခုရက်ပိုင်းမှာ ဆန်၊ ဆီ ၊ကြက်သွန်တို့ စားသောက်ကုန်ပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်လာနေတယ်။ ကျွန်မတို့အိမ်မှာ တစ်နေ့ အလုပ်လုပ်မှ ငွေတစ်သောင်းလောက်ပဲ ဝင်တယ်၊ မိသားစုက လေယောက်ရှိတယ်ဆိုတော့ စားဖို့ သောက်ဖို့အတွက်က လုံလုံ လောက်လောက်မရှိဘူး။ တော်တော်လေး အခက်ခဲဖြစ်နေတယ်၊ ဆန်မဝယ်နိုင်တဲ့ နေ့ဆို ဘေးအိမ်တွေမှာ ဆန်လိုက်တောင်းခဲ့တာလည်း ရှိတယ်” ဟု ရေးမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

    အောက်တိုဘာလဆန်းပိုင်းက ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်ရှိရာမှ ယနေ့တွင် ကြက်သွန်ဖြူ တစ်ပိဿာကို တစ်သောင်းကျော်ထိ ဈေးတက်လာပြီး ကြက်သွန်နီ တစ်ပိဿာ (၃၅၀၀) ကျပ်ရှိရာကနေ တစ်ပိဿာ (၄၅၀၀) ကျပ်အထိ ဈေးထပ်မံမြင့်တက်လာခဲ့ကြောင်း သိရသည်။

    အလားတူ စားအုန်းဆီ လက်လီဈေးနှုန်း တစ်ပိဿာလျှင့် (၈၀၀၀) ကျပ်ရှိရာကနေ တစ်သောင်း ကျပ်အထိလည်းကောင်း၊ ဟင်းသီးဟင်းရွက်ဆီ 2L တစ်ဗူး (၈၂၀၀) ကျပ် ရှိရာကနေ (၂၁၀၀၀) ကျပ်အထိလည်းကောင်း ဈေးမြင့်တက်လာသည်ဟု စားသုံးဆီ လက်လီ ရောင်းချသူများထံမှ သိရသည်။

    ထို့အပြင် ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့်ကြက်ဥတစ်လုံးလျှင် နှစ်ရာကျပ်ကနေ (၄၅၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့သည်ဟု ဆိုသည်။

    “ဆီတို့ ကြက်သွန်တို့ အကုန်လုံး ဈေးတက်ပြီး ပြန်မကျနိုင်ဘူး။ ကျွန်မတို့နယ်ဘက်မှာလည်း ကွမ်းသီးတွေကိုပဲ ယုံကြည်အားကိုးနေတယ်၊ ကွမ်းသီးဈေး တစ်ပိဿာကို (၁၅၀၀) ပဲ သူတို့ ဝယ်တယ်။ ကွမ်းသီးတစ်ပိဿာ ရောင်းပြီးရင်လည်း ဆီတစ်ပိဿာတောင် ဝယ်မနိုင်ဘူး။ စားဝတ်နေရေးအတွက်က တော်တော်ကို ကြပ်တည်းနေတာပေါ့” ရေးမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ထွေးကြည်က ပြောသည်။

    အခြေခံစားသောက်ကုန်နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်က ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်းရေးကော်မတီတစ်ရပ်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ဆုံးအပတ်က ဖွဲ့စည်းခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိသေးဟု ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts