spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၄၈,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ထုတ်ပြန်

    မွန်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၄၈,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ထုတ်ပြန်

    -

    မွန်ပြည်နယ်ရှိ မြို့နယ် (၅) ခု တွင် စစ်ဘေးရှောင် (၄၈၀၀၀) ကျော်ရှိပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဘက်ခြမ်းတွင် (၁၂၇၈၆) ဦးနှင့် ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် (၁၀၅၀၀) ကျော် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း မွန်ပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က မွန်ပြည်နယ် နိုဝင်ဘာ ၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အလက်များအကျဉ်း (Humanitarian Briefing) အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်အလက်များအကျဉ်းအစီရင်ခံစာကို MSFC ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီး၊ ၎င်းဌာနမှ နယ်မြေအတွင်း ပဋိပက္ခအခြေအနေကို အနီးကပ် စောင့်ကြည့်နေ ကြောင်းလည်း သိရသည်။ အစီရင်ခံစာ၏ အဆိုရ မိုးလွန်ကာလတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး စစ်ကောင်စီများ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်ခဲ့ကြရသည်။

    “အကြမ်းဖက်မှုတွေ တိုးလာတယ်။ အထူးသဖြင့် မွန်ပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်တက်လာနေတယ်။ စစ်ကောင်စီတပ်က အရပ်သားတွေကို နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတယ်။ အခင်းဖြစ်ပွားပြီးနောက်မှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဌာနမှူး Mi Sauh Ta Jo က ပြောသည်။

    “စစ်ဘေးဒုက္ခသည်များနှင့် အကြမ်းဖက်မှုဒဏ်ခံခဲ့ရသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများကို လိုအပ်နေပြီး လျင်မြန်စွာ ထောက်ပံ့ပေးပါ”ဟု MSFCက နိုင်ငံတကာ အကူအညီပေးနေသော အေဂျင်စီများကို တောင်းဆိုခဲ့သည်။ နိုင်ငံတကာ အကူအညီပေးနေသော အေဂျင်စီများသည် ၎င်းတို့၏ အကူအညီများကို စစ်ကောင်စီနှင့် ၎င်းတို့၏ဌာနသို့ လွှဲပြောင်းပေးမည်ဆိုပါက ယင်းအထောက်အပံ့များကို အခွင့်ကောင်းယူရန် နိုင်ငံရေး သို့မဟုတ် စစ်ရေးအရ အမြတ်ထုတ်သွားမည်ကို စိုးရိမ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ရခိုင်မိုခါမုန်တိုင်း ဖြစ်စဉ်တွေမှာ စစ်ကောင်စီက ‌အထောက်အပံ့တွေကို နှောင့်နှေးအောင်ပြုလုပ်ခဲ့ပြီး ယင်းအထောက်အပံ့တွေကိုလည်း အခြားနေရာတွင် အသုံးပြုခဲ့သည်ကို ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း” Mi Sauh Ta Jo က ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအပြင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် ၁၂၇၈၆ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၁၀၅၀၀ ဦး စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်အကူအညီ လိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာအကျဉ်းတွင် ထုတ်ပြန်ထားသည်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာအကျဉ်းအရ မြို့နယ် ၈ ခုတွင် (မွန်ပြည်နယ် ခြောက်မြို့နယ်၊ ကရင်ပြည်နယ်တွင် ၁ မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ၁ မြို့နယ်) လူပေါင်း ၄၃၀,၀၀၀ ကျော်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများ (သို့မဟုတ်) တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး၊ ၎င်းတို့သည် သွားလာမှု ကန့်သတ်ချက်များ၊ လေယာဉ်မှ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများကို ကြောက်ရွံ့နေရသည်။

    မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) သည် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) အဖြစ် ၂၀၂၁ နွေဦးတော်လှန်ရေးကာလတွင် ထူထောင်ထားသည့် မွန်လူမျိုးနှင့် မွန်ပြည်နယ်ရှိ အခြားသော တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုကာ ဒီမိုကရေစီအင်အားစုနှင့် ဖက်ဒရယ်အင်အားစုတို့ ပါဝင်သည်။ MSFC သည် တော်လှန်ရေး တပ်ပေါင်းစုဖြစ်သည့်  အမျိုးသားညီညွတ်ရေးကောင်စီ (NUCC) ၏ အဖွဲ့ဝင်လည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts