spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း တပိုင်တနိုင် ကြက်ဘဲမွေးမြူရေးလုပ်ငန်း အများအပြား ရပ်နားထားရ

    မွန်ပြည်နယ်အတွင်း တပိုင်တနိုင် ကြက်ဘဲမွေးမြူရေးလုပ်ငန်း အများအပြား ရပ်နားထားရ

    -

    မွန်ပြည်နယ်ဈေးကွက်တွင် ကြက်စာ (ကြက်အစားအစာ) ဈေးနှုန်းနှင့် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်မှုနှင့် ကြက်သားဈေးနှုန်းကျဆင်းမှုကြောင့်  တပိုင်တနိုင် ကြက်မွေးမြူရေးလုပ်ငန်း (၈၀) ရာခိုင်နှုန်းအထိ ရပ်နားထားရသည်ဟု မွန်ပြည်နယ် ကြက်မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

    “ ကြက်သားဖိုး ရောင်းလို့ ရတာနဲ့  ကြက်စာ ဝယ်ရတာ  တွက်ခြေမကိုက်ဘူး။ ရေးမြို့ တောင်ပိုင်းဘက်မှာ (CP) ကြက်မွေးမြူရေး ကုမ္ပဏီပဲ ရှိတယ်။ ကျနော်တို့ တပိုင်တနိုင်တွေ မရှိတော့ဘူး။ အကုန်လုံးရပ်နားလိုက်တယ်။ ကြက်အစာ ဈေးကြီးတယ်ဆိုတော့ တစ်ယောက်မှလည်း လုပ်ရတာ တွက်ခြေမကိုက်ဘူးလေ။ အကုန်လုံးအရူံးနဲ့ ရင်ဆိုင်ရတယ်။ အမြတ်မရှိတော့ ကျနော်ရပ်နားတဲ့ အချိန်မှာ ကျပ် သိန်း (၅၀) ရူံးသွားတယ် အဆင်မပြေဘူးလေး” ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးနေစိုးက ပြောသည်။

    ကြက်သားဈေးက ဇွန်လဆန်းပိုင်မှာ တပိဿာကို ကျပ် ၇၉၀၀ ကျပ်ရှိရာကနေ လက်ရှိ ကြက်သား တပိဿာ ၆၀၀၀ ကျပ်သာ ပေါက်ဈေးရှိသည်ဟု ကြက်ရောင်းဝယ်သူထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆေးဝါး တစ်ထုပ် ၄၅၀၀ ကျပ်ရှိရာကနေ လက်ရှိ  ၁၇၀၀၀ ကျပ်အထိ ၄ ဆ ဈေးမြင့်တတ်လာခဲ့ပြီး ယခင်က ကြက်အစားအစာ တစ်အိတ်ကို ၄၀၀၀၀  ကျပ်ရှိရာမှ ၉၅၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့သည်ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူက ပြောသည်။

    ရောင်းတန်းဝင် ကြက်တကောင်ဖြစ်ရန် အနည်းဆုံး ၄၅ ရက် ကြာမြင့်တာဖြစ်ပြီး  ကြက်မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်း ၊ကြက်အစား ၊ ဆေးဝါး နှင့် အလုပ်သမား ငှားရမ်းခ ဈေးနှုန်းတို့လည်း အဆမတန် မြင့်တတ်ပြီး ကြက်မွေးမြူရေး လုပ်ကိုင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

    “တပိုင်တနိုင်ကြက်မွေးမြူရေးလုပ်တဲ့သူက တွက်ခြေမကိုက်ဘူး ကြက်စာဈေးက မြင့်လာတယ် ကြက်အကောင်ရေ ၃၀၀၀ ကို ကျမတို့ တစ်နေ့ကို အစား ၁၀ အိတ်ကျွေးရတယ် ၁၀သိန်းလောက်ကုန်ပြီး တစ်ပတ်အတွင်း အလုပ်သမားငှားရမ်းခကို ၆သိန်းပေးရတယ် တွက်ခြေ မကိုက်ဘူးပေါ့နော်”ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူက ဒေါ်ရင်မြင့်က ဆိုသည်။

    ထိုအပြင်  ရာသီဥတု အပူဒဏ် အလွန်မြင့်တတ်နေမှုကြောင့် ကြက် သေဆုံးမှုများ ရှိပြီး ကြက်လုပ်ငန်းရှင်များလည်း အရူံးနှင့် ပိုမို ရင်ဆိုင်နေရသည်ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။

    “အခုချိန်မှာ အပူတဲ့ရာသီရောက်ပြီးဆိုရင် ပိုက်နဲ့ ရေပေးတာပေါ့ ပူတဲ့အချိန်မှာ ကြက်တွေက သေများတယ် အစာနဲ ထိန်းပေးနေရတယ် တစ်နေ့ ၅ကောင် ၊၆ကောင်လောက် သေတယ် ၊ပိုလီယို ဖြစ်တဲ့ကြက်တွေက ရေလည်းမသောက် ၊အစားလည်း မစားတော့ဘူး အနေကြာလာရင် ပိန်ပြီး သေတယ် ကြက် အကြီးတွေက  တခါတလေ အပူများရင် သေတယ်"ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူက ဒေါ်ရင်မြင့်က ထပ်ပြောသည်။

    မွန်ပြည်နယ်တွင် ကြက် ၊ဝက် ၊ဥစားကြက်၊ ငုံး နှင့် ငါး မွေးမြူရေးလုပ်ငန်းကို အတည်တကျ လုပ်ကိုင်သူ ၄၅ ရာခိုင်နှုန်းသာရှိပြီး ဈေးအတတ်အကျပေါ်မူတ  ည်ပြီး မွေးမြူရေးလုပ်ကိုင်သူ ၁၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း မွန်ပြည်နယ်၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks