Homeသတင်းကြက်သွန်နှင့် စားသုံးဆီ ဈေးထပ်မံမြင့်တက်မှုကြောင့် အခြေခံလူတန်စားများအခက်တွေ့

ကြက်သွန်နှင့် စားသုံးဆီ ဈေးထပ်မံမြင့်တက်မှုကြောင့် အခြေခံလူတန်စားများအခက်တွေ့

-

မွန်ပြည်နယ်ဈေးကွက်အတွင်း အောက်တိုဘာ ၃၁ ရက်နေ့မှ စတင်ပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ ၊ကြက်သွန်ဖြူနှင့် စားသုံးဆီတို့ အပါအဝင် စားသုံးကုန်များ ဈေးထပ်မံမြင့်တတ်လာခဲ့မှုကြောင့် အခြေခံလူတန်စားများ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

အခြေခံလူတန်းစားမိသားစု ဝင်ငွေနှင့် အလုပ်အကိုင် လျှော့နည်းပါလာပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ပြည်သူတို့၏ စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

“အခုရက်ပိုင်းမှာ ဆီ ၊ကြက်သွန်တို့ စားသောက်ကုန်ပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်နေတယ် ကျမတို့အိမ်မှာ တစ်နေ့ အလုပ်လုပ်မှ ငွေတစ်သောင်းလောက်ပဲ ဝင်တယ်  မိသားစု လေးယောက်ရှိတယ်ဆိုတော့ စားဖို့ သောက်ဖို့အတွက်က လုံလုံလောက်လောက်မရှိဘူး တော်တော်လေး ခက်ခဲဖြစ်နေတယ်”ဟု ရေးမြို့နယ် ဒေသခံ ဒေါ်ဌေးဌေးဝင်း က ပြောသည်။

 မွန်ပြည်နယ် ဈေးကွက်အတွင်း အောက်တိုဘာ လဆန်းပိုင်းက  ကြက်သွန်ဖြူ တစ်ပိဿာလျှင်  ၁၀၅၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ကြက်သွန်ဖြူ ၁ ပိဿာကို တစ်သောင်းကျော်ကျပ်ထိ ဈေးတတ်လာပြီး ကြက်သွန်နီ ၁ပိဿာ ၃၅၀၀ ကျပ် ရှိရာကနေ  ၁ ပိဿာ ၄၅၀၀ ကျပ်အထိ ဈေးထပ်မံမြင့်တတ်လာခဲ့ကြောင်း သိရသည်။

 စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း  တစ်ပိဿာလျှင့် ၄၃၉၅ ကျပ် ရှိရာကနေ  နိုဝင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့ ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

စားအုန်းဆီ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ရှိရာကနေ  တစ်သောင်းကျပ်အထိ ဈေးမြင်တက်နေပြီး ဟင်းသီးဟင်းရွက်ဆီ ၂ လီတာ (2L) တစ်ဗူး ၈၂၀၀ ကျပ် ရှိရာကနေ   ၂၁၀၀၀ ကျပ်အထိ ဈေးမြင့်တတ်လာခဲ့သည်ဟု စားသုံးဆီ လက်လီ ရောင်းချသူထံမှ သိရသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးမြင့်တက်မှုနှင့် ပတ်သက်ပြီး အဓိက လုပ်ကိုင်နေကြသည့် ခြံထွက်သီးနှံများလည်း ဈေးကျဆင်းနေခြင်းနှင့် ရင်ဆိုင်နေရသော စိုက်ပျိုးရေးတောင်သူမိသားစုများမှာလည်းစားဝတ်နေရေးနှင့် ပတ်သက်ပြီး အကြပ်တည်းရင်ဆိုင်နေရကြောင်း သိရသည်။

“ ဆီတို့ ကြက်သွန်တို့ အကုန်လုံး  ဈေးတတ်ပြီး ပြန်မကျနိုင်ဘူး  ကျမတို့နယ်ဘက်မှာလည်း ကွမ်းသီးတွေကို ယုံကြည်အားကိုးနေတယ် ကွမ်းသီးဈေး တစ်ပိဿာကို  ၁၅၀၀ ပဲ သူတို့ဝယ်တယ် ကွမ်းသီးတစ်ပိဿာ ရောင်းပြီးရင်လည်း ဆီတစ်ပိဿာတောင် ဝယ်မနိုင်ဘူး စားဝတ်နေရေးအတွက်က တော်တော်ကို ကြပ်တည်းနေတာပေါ့” ရေးမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ထွေးကြည်က ပြောသည်။

အလားတူ ထိုင်းနိုင်ငံက ဝင်ရောက်လာသည့် အထွေထွေ အခြေခံ စားသောက်ကုန်ပစ္စည်းများလည်း  ယခင်ကထက် ဈေးထပ်မံ မြင့်တတ်လာခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts