Homeသတင်းကျိုက်ထိုတွင် ရဲသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ကျိုက်ထိုတွင် ရဲသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာတွင် ရဲသတင်းပေးဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အသက် ၄၃ နှစ်အရွယ် ကိုလွမ်းဝေဆိုသူသည် ကျိုက်ထိုမြို့နယ် ခလွန်-စွပ်ပနူးလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အမည်မသိသေနတ်သမား နှစ်ဦးတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုလွမ်းဝေသည် လည်ပင်း၊ လက်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကိုလွမ်းဝေဆိုသူသည် စစ်ကောင်စီကို သတင်းပေးနေသူတစ်ဦးဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း အဆိုပါကိစ္စအပေါ် လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကိုလွမ်းဝေကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က လာရောက်ပစ်ခတ်သွားခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ကိုလွမ်းဝေ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး KNU နှင့် PDF တပ်ဖွဲ့တို့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများအပြင် စစ်ကောင်စီသတင်းပေးဆိုပြီး သတ်မှတ်ခံရသူများ မကြာခဏ ပစ်ခတ်ခံရလေ့ရှိပြီး အသက်သေဆုံးမှုလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts