Sunday, March 29, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားနေ

    ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားနေ

    -

    နိုဝင်ဘာ ၂၊ ၂၀၂၃

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲကြောင့် နေအိမ်ပေါ် လက်နက်ကျည်ထိမှန်သည်ရှိသလို အရပ်သား ထိခိုက်မှုလည်းရှိနေကြောင်း လက်နက်သံများ ဆက်တိုက်ကြားနေရသည့်အတွက် မြို့ခံပြည်သူများ ဘေးလွတ်ရာပုန်းခိုနေကြရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက “ကျွန်တော်တို့လည်း ပုန်းနေရတယ်။ ပစ်သံတွေက ဆက်တိုက်ပဲ။ ကျည်တွေကလည်း အိမ်မှာ လာလာထိတာရှိနေတော့ လှုပ်တောင်မလှုပ်ရဲဘူး” ဟု ပြောသည်။

    လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများ ဘေးကင်းလုံခြုံသည့် နေရာတွင် နေကြရန်နှင့် ကြာအင်းဆိပ်ကြီးကို ဖြတ်သန်းပြီး သွားလာခြင်းမပြုလုပ်ကြရန်လည်း မြို့ခံတို့က အသိပေးထားသည်။

    ယနေ့ နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့အပြင် ကော့ကရိတ်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တို့က တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်နေကြောင်း KNU  တာဝန်ရှိသူတို့က သတင်းဌာနတွေကို ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks