Monday, March 30, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ခရီးသည် ၈ ဦး ဒဏ်ရာရ

    ကျိုက်ထိုတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ခရီးသည် ၈ ဦး ဒဏ်ရာရ

    -

    နိုဝင်ဘာ ၂၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ‌မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ရန်ကုန်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် “အောင်ကျော်မိုး” ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲကျော်အချိန်ခန့်က ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး PT Power စက်သုံးဆီအရောင်းဆိုင်အနီးအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။  

    အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် “အောင်ကျော်မိုး” ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် ခရီးသည် ၄၀ ဦး ခန့် လိုက်ပါလာကြောင်း သိရသည်။

    မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လုံယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ် ဦးဝင်းကြိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးအုန်းသန်း၊ အသက် ၂၃ နှစ်ရှိ ကိုဆန်းမင်းနှင့် ညီဖြစ်သူ ကိုအောင်ဆန်းမင်း ၁၈ နှစ်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ခိုင်ဝါဝါဝင်း၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ဝင်းလှ၊ အသက် ၂၅ နှစ်အရွယ် ဒေါ်နေခြည်သိမ့်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်သန်းသန်းရီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    “ခရီးသည်တစ်ဦးကတော့ ဒဏ်ရာများတယ်။ ဒဏ်ရာရသူအားလုံးကို လူမှုကယ်ဆယ်ရေးကကားတွေနဲ့ ဆေးရုံပို့ပေးခဲ့ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မိုင်းစထိမှန်ဒဏ်ရာရရှိသည့် ခရီးသည်များကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူပြီးနောက် နေထိုင်ရာနေရာတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း စိုးရိမ်ဒဏ်ရာရထားသည့် ဦးဝင်းကြိုင်ကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူနေရကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာဆိုင်ကျေးရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ◌် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ◌်  ကြောင်း ခရီးသွားနှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိနေသည့်အတွက် ပြည်သူများ အထူးသတိထားပြီး သွားလာကြရန် ဒေသခံတို့က တိုက်တွန်းပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks